1

782 45 0
                                    


'တီ.တီ..တီ..တီ...တီ!'
ထိုအသံနှင့်အတူအသေပိတ်ထားသောမျက်လုံးအစုံတုိ့မှာပွင့်ဟလာခဲ့သည်..
နောက်ကျိနေသောဉီးခေါင်းအားလျစ်လျူရှူ၍အိပ်ယာဖွေးဖွေးထက်မှကုန်းရုန်းကာထမိသည်။
မျက်လုံးနှစ်ဖက်အားသေချာစွာဖွင့်၍နာရီကိုကြည့်မိတော့ နံနက် 5:30 ထိုအချိန်မှာသူထနေကျအချိန်ပင်
မထချင်၍လဲမတတ်နိုင်..
ကျောင်းတက်ရမည်ဆိုသောအသိကြောင့်သာ....
အိပ်ယာဖွေးဖွေးထက်မှထကာ ကျောင်းသွားဖို့ရန်ပြင်ဆင်ရတော့သည်။
ကျောင်းသွားဖို့ရန်ပြင်ဆင်အပြီးနံနက်စာစားဖို့ရန်ပြင်ဆင်တော့သည်။
နံနက်စာမှာတော့ပေါင်မုန့်ကြက်ဉကြော် နေ့တိုင်းနံနက်စာပေါင်မုန့်ကြက်ဉသာ...ရိုးလားဟုမေးလျှင်လဲမည်သည့်အခါမျှမရိုးပါ...ဘာကြောင့်လဲလို့မေးရင်တော့......
ကျွန်တော့အမေမဆုံးခင်ကလေ နံနက်အိပ်ယာထပြီဆိုommaကအမြဲတမ်းပေါင်မုန့်ကြက်ဉသာကြော်ပေးတတ်သည်...ထိုသို့ကြော်ပေးတိုင်းလဲ"ငါ့သားလေးကျောင်းမှာစာလုပ်ရင်ခေါင်းထဲဝင်အောင်အားရှိအောင်ပေါင်မုန့်ကြက်ဉလေးစား"ဟုအမြဲပြောတတ်ပေသည်..ထိုသို့ပြောတိုင်းလဲကျွန်တော်က"ဒီနေ့လဲပေါင်မုန့်ကြက်ဉပဲလား"ဟုငြီးတွားတက်သေးသည်။
စားနေရင်းနှင့်အတွေးများသွားသည်ထင် မျက်ဝန်းထဲမှအရည်လဲ့များပါးပြင်ပေါ်သို့စီးကျလာလေပြီ
စီးကျလာသောမျက်ရည်များအားလက်ခုံနှင့်သုတ်ကာ လွယ်အိတ်ယူ၍အိမ်ပြင်သို့ထွက်ခဲ့တော့သည်
ကျောင်းမှာအိမ်နှင့်နီးသည်ဖြစ်၍ဘတ်စ်ကားစီးရန်မလို ကျောင်းဝင်းထဲသို့ဝင်ရန်အပြု
"ဟျောင့်! ဂျောင်ဟိုဆော့!! ငါ့ကိုခနစောင့်!" ဟုဆိုကာပြေးလာ၍ကျွန်တော့်ပုခုံးကိုလာဖက်သူမှာ ချစ်ရဆုံး‌ေသာသူငယ်ချင်း ချွဲဝူရှစ် ပင်
"မင်းကလဲဖြေးဖြေးအော်ပါကွာ..ကြာရင်မင်းအသံကြောင့်ငါ့နားစည်လဲကွဲတော့မယ်"
ချွဲဝူရှစ် အားမကျေနပ်မျက်စောင်းပစ်ထိုး၍ပြောလိုက်သည်။
"ဘာလဲ ငြိုငြင်တာလားဟျောင့်!" ဟုပြောကာ ကျွန်တော့်နောက်စိကိုတစ်ချက်ပုတ်၍ရှေ့ကပြေးသွားသူ
ကျွန်တော့မှာတော့နာသွားသောခေါင်းလေးအားဖိကိုင်၍ "မင်းကိုငါမိကြည့်အသေပဲနော် သတောင်းစား!" ဆိုကာပြောလိုက်တော့ ပြေးနေရင်းအနောက်လှည့်ကာလျှာထုတ်၍ပြောင်ပြသွားသော သတောင်းစား
ကျောင်းခန်းထဲသို့ဝင်လာပြန်တော့ဟိုသတောင်းစားဝူရှစ်ကရောက်နှင့်နေပြီ
မသိမသာလေးသူ့အနောက်တန်းကဝင်ထိုင်ကာဝူရှစ်ရဲ့နောက်စိကိုလက်ဖြင့်တစ်ချက်ပိတ်အုပ်လိုက်သည်
နာသွားသူကခေါင်းနောက်အားလက်ဖြင့်ကိုင်ကာ
"အား..ဟျောင့်!မင်း!!"
"ယင်ကောင်နားနေလို့ကွ!
ဘာလဲ ငြိုငြင်တာလား?"
ထိုသို့ပြောလိုက်တော့ ချွဲဝူရှစ်မှာ မိမိအား မကျေနပ်မျက်စောင်းပစ်ထိုးသွားတော့သည်။
အတန်းချိန်ပြီးလို့ချွဲဝူရှစ်မှာဂုိက်လစ်ရန်ပြင်နေတော့သည်။
ဂိုက်လစ်ရန်ပြင်နေချိန် ဂျောင်ဟိုဆော့မှရောက်လာပြီး ဟူဒီခေါင်းစွတ်ကိုအနောက်ကတစ်ချက်ဆွဲကာ
"ဟျောင့်!မင်းဘာကြံနေတာလဲ?"
"ဘာ~ဘာလဲ..ငါ~ငါအိမ်သာသွားမို့..." "အော်...အိမ်သာကိုလွယ်အိတ်ကြီးနဲ့သွားရတာလား?
မင်းထပ်ပြီးဂိုက်လစ်အုံးမို့မလား?"
မတတ်နိုင်တော့ ကျောင်းအုပ်ကြီးသာလိမ်လို့ရမည်ဒီကောင်ကိုတော့လိမ်လို့မရ "အေ...ဟုတ်တယ်"
"မရဘူး ဂိုက်တက်ပြီးမှပြန် သတောင်းစား!"
သူငယ်ချင်းဖြစ်သူ‌ေဂျာင်ဟုိိ‌‌ေဆာ့‌ေကာင်းမုှ‌ေကြာင့်ဝူရှစ်ခမျာဂိုက်မတက်ချင်တက်ချင်နှင့်ဂုိက်တက်နေရလေပြီ။
ဂျောင်ဟိုဆော့ဆိုတဲ့သကောင့်သားကိုလှည့်‌ကြည့်တော့ဟိုကောင်ကအခန့်သားထိုင်၍
ဝူရှစ်ကိုတွေ့တော့ လက်မနှင့်လက်ညိုးနှစ်ဖက်ပေါင်းကာအသဲပုံ ပုံစံလုပ်ပြ၍ ကျေနပ်ပြုံးပြုံးပြလေသည်။
*အံမယ်ရုပ်ကိုကဆွဲထိုးချင်စရာ*
ဟုသာတွေးလိုက်ရလေသည်
တကယ်တမ်းဆွဲထိုးလျှင်လည်းသင်ချာချိန်မို့ပြသနာတက်ဉီးမည်။
ဂိုက်ချိန်လဲပြီးတော့ဝူရှစ်နှင့်ဟိုဆော့တို့နှစ်ယောက်ကျောင်းဝင်းထဲမှထွက်လာရင်းနှင့် ဝူရှစ်က
"ဟျောင့်!ငါbarသွားမို့လိုက်အုံးမလား?"
"ဟမ်..ဘာbarလဲ?$ကြီး$ကျယ်နဲ့သူ့ကိုကြည့်တော့လက်တောက်လောက်နဲ့"
"ဘာကလက်တောက်လောက်လဲ?"
"လူကိုပြောတာကွ...ပြောလိုက်ရင်လဲနှာခေါင်းနဲ့ဘဲတွေးသိလား!"
"အော်..အမ် မင်းလိုက်မှာလားလို့"
"အသက်မှမပြည့်သေးတာမင်းကဘလိုသွားမှာတုန်း"
"မင်းငါ့ကိုဘသူထင်လို့လဲ?
ငါ့အဖေကဆောက်လုပ်ရေးလုပ်ငန်းရှင် ချွဲဗြောင်အင်း ဆိုတာမေ့နေတာလား?"
"အံမယ် ဝူရှစ်တို့ကတော့အဖေအားကိုးနဲ့အိုးကားနေပြီ"
"စကားကိုလဲလူလို‌ပြောစမ်းပါ!"
"ငါကလူလိုမပြောလို့ခွေးလိုပြောရမှာလား"
"မင်းပြောတာလဲခွေး‌နဲ့တူနေတာဘဲလေ"
"အံမယ် သူ့ထက်၂ရက်ကြီးတဲ့ငါ့ကိုပြန်ပြောနေတယ်..မျက်ခွက်ကိုပိတ်ရိုက်လိုက်လို့ခွေးနဲ့လင်မယားဖြစ်သွားမယ်ဘာမှတ်!!"
"တော်ဘီ" မင်းပြောလိုက်ရင်ငါရစရာမရှိတော့ဘူး barကိုဒိုးမယ်"
"ငါမသွားဖူးဘူးလေဟျောင့်!"
"လာစမ်းပါငါပြောသလိုလုပ်လိုက်!"
*******TBC>>>>>
Author(Van Hervis)
*See you in next part*

LOVE[Jk×Jh]Where stories live. Discover now