အပိုင်း (41.1)

1K 181 6
                                    

(41.1)

'' ယွမ်ယွမ် ငါတို့ကို ကယ်ပါအုံး ။ ဒီမြွေမကောင်း ဆိုးဝါး က ငါတို့ကို သတ်ချင်နေတာ။  နင့်ဆီ ကနေ မျက်နှာသာ ရဖို့ အတွက် ငါတို့က ကူညီ သရုပ်မဆောင် ပေးရင် ငါတို့ကို အရေခွံနွှာ ပြီး အရိုးထုတ်မယ် လို့ ခြိမ်းခြောက်ခဲ့တယ် ''

ရှောင်ယွဲ့ က ပြောရင်း နဲ့ ချက်ချင်း ပဲ စုယွမ်ရဲ့ ရင်ခွင်ထဲကို ပစ်ဝင် လိုက်ပြီးတော့ သူမရဲ့ အသံမှာ အရမ်းကို တုန်ခါ နေခဲ့လေတယ်။

ထို တစ်ခဏ မှာတော့ ဟဲလျန်ချန်း တစ်ယောက် သူ့တစ်ကိုယ်လုံး က သွေးတွေ က နဖူးဆီကို ပြေးပြီး ဝင်ဆောင့် နေတယ် လို့သာ ခံလိုက် ရလေတယ်။

ပထမ တစ်ချက် ကတော့ ရှောင်ယွဲ့ ရဲ့ ပြောတဲ့ စကားကြောင့် ဖြစ်ပြီးတော့ နောက်တစ်ချက် ကတော့ ရှောင်ယွဲ့ ရဲ့ လှုပ်ရှား မှုကြောင့်  ဖြစ်လေတယ်။

သူက အမြဲတမ်း ပဲ သူများ အတွေ အပေါ် တွက်ချက် ခဲ့ ပေမယ့် ဒီနေ့တော့ မမျှော်လင့် ထားစွာ နဲ့ပဲ  သူများ က သူ့အပေါ်ကို တွက်ချက် သွားခဲ့ ပါပြီ။ ထိုအချိန်ရောက် မှတော့ အဲ့လူ နှစ်ယောက် က အစောကတည်း က အဆင်ပြေ နေတယ် ဆိုတာကို ဟဲလျန်ချန်း တစ်ယောက် သိသွားပါပြီ။

သူတို့က သူနဲ့ အတူ လိုက်ပြီး တော့ ပူးပေါင်းကာ ဟန်ဆောင် နေတာ သာ ဖြစ်ပြီးတော့ အခုလို အကျပ်အတည်း အခြေအနေ ကို ရောက်တော့မှသာ သူ့ကို သူတို့က ပြန်ကိုက် ကြတာ ပဲ ဖြစ်လေတယ်။

သူက တော့ ဖြင့် သူ့ကိုယ်သူ အဆိပ်ပြင်း လှချည်ရဲ့ ဆိုပြီးတော့ အောင်းမေ့ နေတာ သူ့ထက် ပိုပြီး အဆိပ် ပြင်းတဲ့ တစ်စုံတစ်ယောက် ရှိနေ သေးတယ် ဆိုတာကို ရှိဖို့ သူမျှော်တောင် မမျှော်လင့် ထား မိပါပေ။

ရှောင်ယွဲ့ရဲ့ စကားတွေက သူ့ကို အနောက်ဆုတ် သွား စေကာ အနာဂတ်မှာ သူ့ထက်ပိုတဲ့ ဆိုးယုတ်မှု လုပ်နိုင်တဲ့ လူရှိမယ်လို့ မထင်ထား လေဘူး။

အိပ်ယာပေါ် က နေ ထိုအမျိုးသမီး လေးက  ထလာကာ ဘာမှ မပြောပဲ စုယွမ်ရဲ့ လက်မောင်း တွေကြား ထဲ အမြန် ပဲ အပွေ့ဖက် ခံနေကာ စုယွမ် ကလည်း အရှားပါး ဆုံး ရတနာ တွေကို ကိုင်ထား ရတဲ့ အလား သေချာ ဂရုတစိုက်လေး ပွေ့ဖက်ထား လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now