အပိုင်း (26.1)

1.8K 286 6
                                    

(26.1)

စုယွမ် က အစ ကတော့ ဟဲလျန်ချန်း ကို ဒီနေ့မှာ လျစ်လျူ ရှုထား မယ်ပေါ့လေ။

ဒါပေမယ့် အခုတော့ ဟဲလျန်ချန်း ရဲ့ ဖျားနာနေတဲ့ ကိုယ်ကြီးကို တွေ့လိုက် ရတဲ့ အချိန်မှာတော့ စိုးရိမ်စိတ်တွေ က သူ့စိတ် ထဲကို တိုးဝင် လာကာ သူ့ကို အဆက်မပြတ် သတိတွေ ပေးနေခဲ့လေတယ်။ ဒါကြောင့်မို့ သူက အရမ်းပဲ ဂရုစိုက် ပေး သင့်တယ်လို့ ခံစား ရလေတယ်။

နောက်တော့ စုယွမ် က နောက် တစ်ခါ ထပ်ပြီး တော့ ဆေးဖော် ပြန်တယ် ......။

သူခံစား ရတာ ကတော့ ဟဲလျန်ချန်း က ဒီလောက် ပြင်းထန် တဲ့ ဒဏ်ရာတွေ ရထားတာ တောင်မှပဲ အိမ်ထဲမှာ ချုပ်နှောင် ခံထား ရတယ်ပေါ့လေ။ ကြည့်ရတာ တော့ စီးထူယန် က သမားတော် တစ်ယောက်မှ လွတ်ပေးမယ့်ပုံ မပေါ်ဘူး ။

အဲ့လိုဆိုမှတော့ သူလည်း သူ လုပ်နိုင်တာ ကို ပဲ သူလုပ် ရတော့မှာ ပေါ့လေ။

သူက သူ့ကိုယ်သူ ဆေးဖော်တဲ့ နေရာမှာ အရည်အချင်း တွေ ရှိတယ်လို့  ယုံကြည်ချက် အပြည့်အဝ ရှိတယ်။ သူက ဟဲလျန်ချန်း ရဲ့ ဒဏ်ရာ တွေကို ကုပေး နိုင်တဲ့ ဆေးလုံးတွေကို ဖော်ပေး ရမယ်။ ပြီးရင်တော့ ဟဲလျန်ချန်း ရဲ့ ဒဏ်ရာတွေက ပိုပြီးတော့ ကောင်းလာ ကာ သူ့ကိုယ်သူ ပြန်ကောင်း နိုင်တဲ့ အခြေအနေ ရောက် သွား လိမ့်မယ်။

အဲ့အခါ ကျရင် သူလည်း သူ့ဘာသာ သူ ကယ်တင် ပြီးသား ဖြစ်သွားမယ်။  ပြီးရင် သူက တက်နိုင်သမျှ မြန်မြန်လေး ပြန်ပြီးတော့  ဖုန့် ကလန် ကို သွား ပြီးတော့ သူ့ရဲ့ ကလေးတွေကို သွားခေါ်မယ်။

ထိုအတွေးကို ရွှီးဟယ် ကြားလို့ ကတော့ သူ့ကို ရယ်နေမှာ ကို ကြောက်မိလေတယ်။

ဒီကောင် က သိပ်ကို ယုံကြည်ချက် တွေ ပြည့်ဝ နေပါလား ဆိုပြီးတော့ ပေါ့လေ။

စုယွမ် ကတော့ ဆေးဖော်နိုင်မယ်လို့ ယုံကြည်နေတုံးပဲ။ အမှန်တော့ နတ်ဘုရား တစ်ဝက် အဆင့် ဆေးလုံးတောင် ဟဲလျန်ချန်း ကို မကယ်တင်နိုင် ဘူးဆိုတာ ကို သူမသိခဲ့ပေ။

ကံမကောင်း စွာနဲ့ပဲ အဲ့တာကို စုယွမ် မသိခဲ့ပါပဲနဲ့ သူ့ရဲ့ ဆေးဖော်တဲ့ စွမ်းရည် ကိုပဲ ယုံကြည် မှု ပြင်းထန် နေခဲ့တယ်လေ။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now