အပိုင်း (23 )

2.3K 338 8
                                    

(23)

'' မြွေဘုရင် က နတ်ဘုရားတစ်ဝက် တောင် ကနေ ပြန်လာပြီး တဲ့နောက် နင့်ကို လိုက်ရှာ နေခဲ့ ပြီးတော့ တစ်နှစ်လောက် အချိန် ကြာသွား ခဲ့တယ်။ ပြီးတော့ တစ္စေ ကလန် က တစ္စေဘုရင် ရောက်လာတာ နဲ့ တွေ့ဆုံ အချင်းများ ပြီးတော့ တိုက်ခိုက် ခဲ့ကြတယ်။ ပြီးတော့ သူတို့ မမျှော်လင့် ထားတာက ​မြွေဘုရင် က ရှုံးသွားမယ် လို့ပေါ့လေ။ငါသိ ခဲ့တာတာ ကတော့ နတ်ဘုရား တစ်ဝက်တောင်မှာ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်တဲ့လေ။  ပြီးတော့ သူက အဲ့တာကို တိတ်တိတ်​လေးပဲ လျှို့ဝှက်ထား ပြီးတော့ ပြန်လာ ခဲ့တာ ပဲလေ။ ဒါပေမယ့် ငါတို့ မထင်မှတ်ထားတဲ့ အရာ က ဖြစ်လာ ခဲ့တယ်။ တစ္စေဘုရင် က သူ့ကို ရန်စ လိုက်ပြီးတဲ့နောက် သူ့ရဲ့ မကုသ ရသေးတဲ့ ကိုယ်က ပြင်းထန်စွာ အရိုက်ခံ လိုက်ရတယ်လေ။ အခုတော့ ပြောကြတာက သူ့ရဲ့ လူသား ပုံစံ တောင်မှ ပြောင်းလို့ မရတော့ ပါဘူးတဲ့လေ။ အဲ့လိုနဲ့ပဲ တိုက်ပွဲက ပြီးသွား တော့တာပဲ။ ''

'' ဒါပေမယ့် မြွေဘုရင် က တစ်ချိန်လုံး ကမ္ဘာကြီး ကို စိုးမိုးထား နိုင်တဲ့ အတွက်ကြောင့် သေခါနီး လက်တကမ်း အလိုမှာ စွမ်းအား တွေ ပြန်ပြည့် လာမှာ ကို ငါတို့ စိုးရိမ် မိတယ်။ ဒါကြောင့် ဆွေရှုဟဲ နဲ့ စီးထူယန် က သေခါ ချက်ချင်း တိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ သူတို့က သူ့ကို ဖြေးဖြေးချင်း ညှင်းသတ် ဖို့ လုပ်ထား ကြတာလေ ''

မြွေဘုရင် က စုယွမ် ကို ပိုပြီး ဂရုစိုက်  နှစ်သတ် မှတော့ သူ့ကို ရှာကြတာပေါ့။ ပြီးတော့ သူတို့ အစီအစဥ် အတွက် စုယွမ် ကို အသုံးချ ကြမယ်ပေါ့။

'' နင်က အရင်ဆုံး မြွေဘုရင် နားကိုကပ် လိုက် ပြီးတော့ ယုံကြည်မှု ကို အရယူလိုက် ''

မြွေဘုရင် က စုယွမ် ကို လုံးလုံး ယုံကြည် အားကိုး သွားတဲ့ နေ့က သူပါ သေတဲ့ နေ့ပဲ။

ရွှီးဟယ် က ပြုံးပြီး စုယွမ် ကို ပြောနေတဲ့ ဟန်က အလွန်အမင်း ကို ငြင်သာ သိမ်မွေ့ လေတယ်။ ဒါပေမယ့် ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ် တွေ ကတော့ တကယ့်ကို ပဲ ဆိုးယုတ် နေခဲ့လေတယ်။

စုယွမ် က ချက်ချင်း ပဲ ခေါင်းကို ငြိမ့်လိုက် ပေမယ့် သူ့ရဲ့ နှလုံးသား ထဲမှာတော့ မြွေမကောင်းဆိုးဝါး ကို သူအန္တရာယ် ပေးလို့ လုံးဝမဖြစ်နိုင် ဘူးဆိုတာကို သိနေခဲ့လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now