အပိုင်း (21. 1)

2.3K 323 16
                                    

(21. 1)

စုယွမ် က ဖုန့်ကလန် မှာပဲ နေလေတယ်။ သူက ကလေး တွေ နဲ့ နေ့တိုင်း အတူတူ ကစားလေ့ ရှိတယ်။ တစ်ချို့အချိန် တွေ မှာတော့ အရမ်း ကို ပျင်းစရာ ကောင်းတယ်လို့ ခံစားရလေတယ်။

စုယွမ် က ဖုန့်ဝူယိုး ရဲ့ ဆေးလုံးဖော်စပ်တဲ့ ပညာရပ်ကို သဘောကျ မိတဲ့အတွက် ကြောင့် ရှီရှီ ကို သူရှာလိုက်တယ်။

'' ရှီ ရှီ ရေ မင်း ဦးလေး က ဆေးလုံးဖော်တဲ့ ပညာရပ် ကို ဘယ်နေရာ ကနေ သင်ယူ ရတာလဲ? ''

ရှီရှီ က စုယွမ် လုပ်ပေးတဲ့ အားလူး ပန်ကိတ်ကို စားပြီးတော့ ပျော်ရွှင် နေလေတယ်။ စုယွမ် ရဲ့ စကားကို ကြားတော့ သူမ က ခေါင်းလေး ကို ဆက်ကနဲ လှာ့်ကာ ပြောလိုက်တယ်။

'' အဲ့တာ က သင်ယူ စရာ မလိုဘူးလေ။ မွေးလာ ကတည်း က အဲ့တာ လုပ်ဖို့ မွေးလာတာ ပဲလေ။ ငါတို့ ဖုန့်ကလန် ရဲ့ မျိုးဆက် တိုင်း က အဲ့လို မီးအမျိုးအစား ကို မွေးကတည်းက ပါလာတဲ့ သူတိုင်းပေါ့လေ။ သူတို့တွေက မွေးကတည်း က ဆေးပညာဆိုင်ရာ ပါလာ ပြီးတော့ ဆေးပညာ တိုးတက်မှု နဲ့မီးတောက် တိုးတက်မှု ကတော့ အရည်အချင်း ပေါ်မှာ ပဲ မူတည် နေတာလေ။ ငါ့ဦးလေး ရဲ့ မသေမျိုး မီးတောက် က ဖုန့်ကလန် ရဲ့ ဒုတိယ အမြင့်ဆုံး တည်ရှိမှုလေ။ ပြီးတော့ သူက မွေးလာကတည်းက ကောင်းကင် ဆေးလုံး တစ်လုံး ပါ ပါလာခဲ့တာ။ အခုလို နှစ်ထောင်ပေါင်း များစွာ ကုန်ဆုံး သွားပြီးတဲ့နောက် သူက ပိုလို့တောင် လက်ရည်ထက် လာပြီးတော့ သူက နတ်ဘုရား တစ်ဝက် အဆင့်ထိ ဆေးလုံး ကိုတောင် ဖော်ဆောင် နိုင်တော့မယ်တဲ့လေ။ ''

အရမ်း အံ့သြ စရာ ကောင်း တာပဲ!

စုယွမ် က အေးခဲ သွားလေတယ်။ ဖုန့်ဝူယိုး က အခုလို ပုန်းကွယ် နေတဲ့ ဘော့စ် တစ်ယောက် ဖြစ်လိမ့်မယ် လို့ သူတကယ် မထင် ထားမိ ပါပေ။

စုယွမ် က သူ့ရဲ့ လက်ကို ပွတ်လိုက်တယ်။

'' ရှီရှီ ၊ ဒါဆိုရင်လည်း မင်းတွေးကြည့်စမ်းပါ။ မင်းရဲ့ ဦးလေး ဆီမှာ ဆေးပညာတစ်ချို့ ကို ငါသင်ချင်ရင် လေ အဲ့တာ က ဖြစ်နိုင်လောက် လားဟင်။ အများကြီး ခက်ခဲ တာတွေ ဘာညာ မတောင်းဆို ပါဘူး။ အနည်းအကျဥ်းလောက် ပဲ သင်လို့ ရရင် ကို ရပါပြီ။ အခြေခံ ဆေးလုံးတွေ လောက်လေး ပဲလေ ''

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now