အပိုင်း (29)

1.5K 239 2
                                    

(29)

အဲ့တာ က အရမ်းကို နောက်ကျ သွားပြီလို့ ပြောလို့ ရတဲ့ အချိန်မှာ ရွှီးဟယ် က ပြတ်သားစွာပဲ လုပ်လိုက်တယ်။ မျက်တောင် တစ်ခက် အတွင်းမှာပဲ သူမရဲ့ လက်က စုယွမ် ရဲ့ လည်ပင်းကို ပြင်းပြင်းထန်ထန်ပဲ ဆွဲဆိတ်လိုက်ကာ သူ့ရဲ့ ဘေးကနေ ဆွဲထုတ်လိုက် လေတယ်။

လည်ပင်း က နေ ပြင်းပြင်းထန်ထန် ဆွဲခံ လိုက်ရတဲ့ အချိန်မှာတော့ အသက်ရှု ဖို့က အတော်လေး ကို ခက်ခဲ သွားလေတယ်။ စုယွမ် က ဒေါသ ထွက်သွား ပြီးတော့ ကြောက်လန့် တကြားလည်း ဖြစ်သွား လေတယ်။

ဟဲလျန်ချန်း က သူ့ရဲ့ မျက်လုံးတွေကို အသာလေး နှိမ့်လိုက်ကာ သူ့မျက်ဝန်းထဲ ကနေ အ​​သေ သတ်လို့တဲ့ စိတ်ဆန္ဒ တွေကို ဖုံးကွယ် ထားလိုက် လေတယ်။

အဲ့အချိန်မှာ ပဲ သူက လူသာစ ပုံစံကို ပြန်ပြီးတော့ ပြောင်းလိုက် လေတယ်။

စုယွမ် အတွက်သာဆို တစ်ခြားလူ တွေရဲ့ စဥ်းလဲ တဲ့ နှလုံးသား ထဲမှာ သူက အားနည်းပြီး အရှက်ကွဲ သိပ်ငယ် တဲ့ ပုံ အဖြစ် လုပ်ပြ နိုင်ပါတယ်။

'' သူ့ကို လွတ်ပေးပါ! ''

ဟဲလျန်ချန်း ရဲ့ အသံက ခိုင်မာ ပြီးတော့ ပြတ်သား နေခဲ့လေတယ်။

ရွှီးဟယ် က စုယွမ် ကို အောင်မြင်စွာ ဖမ်းချုပ်ထား နိုင်မှ စီးထူယန် က တုံ့ပြန်ရဲ ပြီးတော့ ရွီးဟယ်ကို ချစ်ခင် နှစ်လိုစွာ နဲ့ ကြည့်လိုက် လေတယ်။ သူကြိုက်တဲ့ အမျိုးသမီး လို့ မပြောရဘူး။ သူနဲ့ သိပ်တူ တာပဲ။ သူမ ရဲ့ လှုပ်ရှားမှု က လျင်မြန်ပြီးတော့ တိကျတယ်။

ရွီီးဟယ် က စီးထူယန် ရဲ့ ချစ်ခင် နှစ်လိုဖွယ် ကောင်းတဲ့ အကြည့်ကို လက်ခံ ရရှိလိုက်တဲ့ အခါ မှသာ သူမရဲ့ အသွင်အပြင် က နှစ်လိုဖွယ် အဖြစ်ပြောင်း သွားတော့တယ်။

ထိုအကြည့်လေး လည်း ပေါ်လာရော စီးထူယန် တစ်ယောက် ချက်ချင်းပဲ သူ့ရဲ့ ​ခြေထောက် တွေ ပျော့ကျ သွားမလို ခံစား လိုက်ရ ပြီးတော့ သူ့အကြည့်တွေကို အဝေးဆီ အမြန်ပဲ ရွေ့လိုက်တယ်။

သူက ဟဲလျန်ချန်း ကို ကြည့် ပြီးတော့ အပြုံးလေး နဲ့ ပြောလိုက်တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now