အပိုင်း (9.2)

3.3K 459 10
                                    

(9.2)

တစ်ခြား တစ်ဖက်မှာတော့ ရှင်းယုမန်ရဲ့ ခေါင်းဆောင် ဖုစူး က ချင်းရိ ဝတ်စုံကို ဝတ်ဆင်ထား ပြီးတော့ ငြင်သာ သိမ်မွေ့ဟန် ပေါက်နေပေမယ့် သူ့ရဲ့ အရှိန်အဝါ ကတော့ ဆုံးဖြတ်လို့ မရပါပေ။

သူ့ဘေးမှာတော့ မိန်းမငယ်လေး နှစ်ယောက် ရပ်နေကာ သူတို့ထဲက တစ်ယောက် က ပန်းရောင် ဝတ်ထားပြီးတော့ ထက်မြတ်ကာ နှစ်လိုဖွယ် ကောင်း ပြီးတော့  ရှင်းယုမန် ရဲ့ အငယ် ဖြစ်တဲ့ နတ်မိမယ်လေး လင်းရှင်းအာ ပဲ ဖြစ်လေတယ်။ ကျန်တစ်ယောက် ကတော့ အဖြူရောင် ဝတ်စံကို ဝတ်ထားကာ အဖြူရောင်ပုဝါကို မျက်နှာမှာ တပ်ထားပြီးတော့ မျက်လုံးလေး ကိုသာ ဖော်ပြ ထားလေတယ်။

ထိုအမျိုးသမီးရဲ့ မျက်နှာ တစ်ခုလုံးကို မမြင်ရပေမယ့် သူမရဲ့ ပေါ်နေတဲ့ မျက်ဝန်း တစ်စုံ ကတင် လူတိုင်းကို အံသြ မှင်သတ် ဖို့ရာ အတွက် လုံလောက်လေတယ်။ သူမမှာ သွယ်လျတဲ့ ကိုယ်လေး ရှိပြီးတော့ ကျက်သရေ နဲ့ ငြင်သာ သိမ်မွေ့မှုတွေ ပေါ်ထွက်နေခဲ့တယ်။

အဖြူရောင် ပုဝါတပ်ထားတဲ့ အမျိုးသမီး နဲ့ လင်းရှင်း အာ တို့က ဆက်ဆံရေး ကောင်း တစ်ခု ရှိတာကို တွေ့နိုင်လေတယ်။ လင်းရှင်းအာ က သူမနဲ့ စကားပြောပြီးတော့ ခဏတိုင်း ရယ်မော နေတာကို ဘေး က လူတွေ က ကြားရလေတယ်။

ပြီးတော့ ရှင်းယုမန် ရဲ့ ခေါင်းဆောင် ဖူစူး ကတော့ ထို အမျိုးသမီး ကို အချိန်တိုင်း နူးညံ့ ငြင်သာနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။

စုယွမ်ရဲ့ မျက်ဝန်းတွေက ဘေးပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်နေပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ် သွားတယ်။

သူက ခြင်္သေ့ ခေါင်းနဲ့ လူကို တွေ့လိုက်ရတာကြောင့် ထိုလူဟာ ခြင်္သေ့လား ၊ လူသား လားဆိုတာ သူ မသိတော့ပါပေ။

ဒါ့ထက်ပိုပြီးတော့ ခေါင်းပေါ်မှာ ပန်းပွင့်နေတဲ့ အမျိုးသမီး တစ်ယောက်တောင် ရှိနေသေးတယ်။

ဘာပဲ ဖြစ်ဖြစ်ပါ လေ အဲ့ဒီမှာ ပုံစံ အမျိုးမျိုး နဲ့ လူတွေ ရှိနေသေးတာပဲ။

တစ်ဖက်က ဟဲလျန်ချန်း ကတော့ ဒီနေ့ စိတ်ကောင်း ဝင် နေတဲ့ ပုံပေါက်ကာ စုယွမ်ရဲ့ အကြည့်တွေ နောက်ကို လိုက်ပြီးတော့ တစ်ခြား ဖက်က လူတွေ အကြောင်း ကို ရှင်းပြ နေခဲ့တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Όπου ζουν οι ιστορίες. Ανακάλυψε τώρα