အပိုင်း (2.1)

4.5K 637 2
                                    

(2. 1)

စုယွမ် က ရွှီးဟယ်ရဲ့ လုပ်ဆောင်မှု တွေ အောက်မှာ နာခံ လိုက်ရပြီးတော့ သူ့တစ်ကိုယ်လုံး ဇာပုဝါ လေးပဲ ဝတ်ထားရကာ အနီရောင် သတို့သမီး ခေါင်းအုပ်ကို အုပ်ထား ရကာ မြွေဘုရင်ကြီး ဟဲလျန်ချန်း လာမှာကို စောင့်နေခဲ့လေတယ်။

အမျိုးသမီး ယောင်ဆောင် ထားရတဲ့ အမျိုးသား တစ်ယောက် ဆိုရင်တောင်မှ ဒီလို အဝတ်မျိုး ဝတ်ရတာ က အရမ်းကို ရှက်ဖွယ်ကောင်းလေတယ်။ စုယွမ်ရဲ့ ဗီလိန် နှလုံးသား လေး က အကြိမ်ပေါင်း တစ်သောင်း လောက် ခုန်နေခဲ့လေတယ်။

ဒါပေမယ့် ဇာတ်ကြောင်းကို တွေးပြီးတဲ့ အချိန်မှာတော့ စုယွမ် က စိတ်သက်သာရာ ရသွားခဲ့လေတယ်။

 
ဟဲလျန်ချန် က မင်္ဂလာ ဦးခန်းထဲကို ဝင်ပြီး အနီရောင်စ ကို ဖယ်ကာ စိတ်ဝင်စားမှု မရှိပဲ ထွက်သွားကာ တစ်ယောက် ထဲကို ထားခဲ့လေတယ်။

မင်္ဂလာ ဦးည က အေးစက်စွာ ဆက်ဆံ ခံလိုက်ရတဲ့ အတွက်ကြောင့် ငွေရောင်မြွေ မျိုးနွယ် က လူတွေက စုယွမ် ကို အထင်သေး ကြလေတယ်။ ပြီးတော့ စုယွမ်ရဲ့ နောက်ပိုင်းဘဝ က အတော်လေး ကိုခက်ခဲလေတယ်။ ဒါကြောင့်သာ မူလ စုယွမ် က မတက်နိုင်တော့ပဲ အကြီးအကဲကို မြူစွယ် ရတာ ပဲ ဖြစ်လေတယ်။

'' သခင်မလေး ရွှီးဟယ် အရင်ဆုံး သွားလိုက်ပါတော့မယ် ''

ယူဆ ချက်အရ ကတော့ အခုအချိန်နဲ့ အတူတူလောက်ပဲ။

ရွှီးဟယ် က သူ့ရဲ့ ပုခုံးကို ဖိပြီးတော့ သူမရဲ့ မျက်လုံး ထဲမှာ တော့ နက်ရှိုင်းတဲ့ အဓိပ္ပာယ် တွေနဲ့ ပြည့်နေကာ အနောက်ကို ပြန်လှည့် ကာ အောက်ကို ဆင်းသွားတော့တယ်။

ရွှီးဟယ် လည်း ထွက်သွားပြီးရော စုယွမ် တစ်ယောက် ထဲပဲ ကျန်နေခဲ့တော့တယ်။ သူက တိတ်ဆိတ်စွာ ခဏလေး ထိုင်နေပြီးတော့ သေချာအာရုံစိုက်ပြီး နားထောင် နေခဲ့တယ်။ လှုပ်ရှားတဲ့ အသံကို လုံးဝ မကြားတော့မှ လက်ကို ဆန့်ထုတ်ကာ သူ့ခေါင်းပေါ်က အနီရောင် ပဝါစကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဖြုတ် လိုက်တယ်။

ဒါတွေက ဘယ်လိုတောင် ဆိုးဝါးတဲ့ ကိစ္စတွေလဲ။

သူဆိုတဲ့ စုယွမ် က အဖြောင့် စစ်စစ် ယောကျာ်း တစ်ယောက် ပါနော်!

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now