အပိုင်း (17.2)

2.3K 316 14
                                    

(17. 2)

ကံကောင်းလို့ ၊ သူက အတော် ကံကောင်းလို့ ရှီရှီ ရဲ့ ဦးလေး နဲ့ တွေ့မိ လို့သာ ပေါ့။ အဲ့လိုမှ မဟုတ်ရင် သူ့ဗိုက်ထဲမှာ ဥတွေ ရှိနေမှန်း လည်း သိမှာ မဟုတ်ဘူး ။ ပြီးတော့ အဲ့တာတွေက သားပေါက် လာရင် ဘယ်လိုတွေ ဖြစ်လာ မလဲ ဆိုတာ သူတွေးတောင် မကြည့် ရဲပါပေ။

စုယွမ် က ရလဒ်ကို ကျေနပ် နေပြီးတော့ မျက်လုံးကို ဖွင့်လိုက် တဲ့ အခါ သူ့ရဲ့ ခေါင်းအုံးဘေး မှာ ရှီရှီ က နားနေတာ ကိုတွေ့ လိုက်ရတယ်။ ပြီးတော့ သူနိုးလာ ပြီ ဆိုတာ ကိုတွေ့တော့ ရှီရှီရဲ့ မျက်လုံး တွေက အရမ်းကို တောက်ပ သွားတော့တယ်။ ပြီးတော့ ဖုန့်ဝူယိုး ကလည်း အိပ်ယာ အစွန် နားမှာ ထိုင်နေကာ မျက်နှာပေါ်မှာ ငြင်သာ သိမ်မွေ့ ကျက်သရေ ရှိစွာနဲ့ ကြည့်နေခဲ့ လေတယ်။

သူ့ကို မြင်လိုက် ရတော့ စုယွမ်ရဲ့ စိတ်လေး အတော် သက်သာ သွားတယ်လို့ ခံစား ရတယ်။ ပြီးတော့ နှစ်ပေါင်း များစွာ ငြိမ်သက်အေး ဆေး မှုကို ရှာတွေ့ သွားသလိုပဲ။

( ဆရာဝန်ချောရင် ရောဂါ တစ်ဝက်လျော့ တယ်ဆိုတာ မျိုး 🤣)

'' ကျေးဇူး တင်ပါ တယ်။ ရှီရှီရဲ့ ဦးလေး ''

'' မင်း ငါ့ကို ကျေးဇူးတင် စရာ မလို ပါဘူး ''

ဖုန့်ဝူယိုး ရဲ့ အမူအရာ က အနည်းငယ် ထူးဆန်း နေလေတယ်။

ဒါပေမယ့် စုယွမ် က သိပ်ပြီးတော့ သံသယ များမနေ ပါပေ။ သူက အဲ့ပြဿနာ ကို သူ့ဘာသာ ဖြေရှင်းလိုက် နိုင်လေတယ်။ သူက အရမ်းကို ကောင်းတဲ့ ဆေးသမားတော် ပဲ။ စုယွမ် က ပြုံးကာ ပြောလိုက်တယ်။

'' ဟုတ်သားပဲ။ ခများသာ မရှိရင် ငါတော့ အနာဂတ် ဘဝ ကြီးကို ဘယ်လို ဖြတ်သန်း ရမလဲ မသိတော့ ပါဘူးဗျာ''

'' ကျေးဇူးတင် စရာ မလိုပါဘူး။ ဥ နှစ်ခု က အဲ့မှာ ရှိနေဆဲ ပါပဲ။ ''

'' ခများကို ဘာလို့ ကျေးဇူးမတင် ရမှာလဲ ဥတွေက......... ခဏလေး ၊ ခများ ဘာကို ပြောလိုက်တာ လဲ?''

စုယွမ် က သူ့ခေါင်း တစ်ခုလုံး ကြေမွ သွားတယ် လို့ ကို ခံစားလိုက် ရပြီး ပြန်ကောင်း လာဖို့ အချိန် တစ်ချို့ ယူလိုက်ရတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now