အပိုင်း (12.1)

2.8K 392 9
                                    

(12.1)

ကောင်းကင် ပေါ်က တံခါး က တဖြေးဖြေး နဲ့ အစိုင်အခဲ ကြီးကနေ အလင်းရောင်တွေ တောက်ပ လာခဲ့တယ်။

တံခါးက သင့်တော် တဲ့ လောက်အထိ ရုပ်လုံး ပေါ်လာ ပြီးတဲ့နောက် အထဲကနေ ရွှေရောင် အလင်းတန်းတွေ က ပျံ့ထွက်လာလေတယ်။

နောက်တော် လျှို့ဝှက် နယ်မြေ ဝင်ပေါက် ကလည်း တဖြေး​ဖြေးနဲ့ ပွင့်ဟ လာခဲ့တယ်။ အပေါက်ဝ ကနေ ပြီးတော့ တောင်မှ အထဲက ပွင့်လန်း နေတဲ့ ပန်းလေ တွေနဲ့ ပျံသန်း ပျော်မြူးနေတဲ့ ငှက်လေးတွေ ကို သူတို့က မြင်တွေ့နိုင်ပြီးတော့ မွှေးပျံ့တဲ့ ရနံ့တွေနဲ့ အထဲက ထုတ်လွှတ်နေတဲ့ သန်မာတဲ့ အရှိန်အဝါ တွေကို ခံစားနေရလေတယ်။

သူတို့သာ နတ်ဘုရား တစ်ဝက်တောင် ရဲ့ လျှို့ဝှက် နယ်မြေ ထဲကို ဝင်နိုင် နေသမျှ မရေမတွက်နိုင်တဲ့ ရတနာတွေ နဲ့ သိုင်းကျမ်း တွေကို ပိုင်ဆိုင် နိုင်ကြမှာ ပဲဖြစ်လေတယ်။ တကယ်လို့ သူတို့သာ အဲ့မှာ တစ်ခဏလေး လောက် ကျင့်ကြံရင်တောင်မှ ပဲ အကျိုးကျေးဇူး အများကြီး ရနိုင်မှာ ပဲ ဖြစ်လေတယ်။

နတ်ဘုရား တစ်ဝက်တောင် က သူ့ရဲ့ နာမည်နဲ့ လိုက်အောင် တကယ်ကြီး နတ်ဘုရား တစ်ဝက်တွေနဲ့ ဆက်နွယ် ခဲ့လေတယ်။ ဒဏ္ဍာရီ အရ ဆိုရင်တော့ နတ်ဘုရားတစ်ဝက် အဆင့်ထိ ရောက်နေတဲ့ သူက ဒီနေရာကို ပြုတ်ကျ ခဲ့ ပြီးတော့ သူ့ကိုယ် ကနေ လျှို့ဝှက် နယ်မြေ ဖြစ်လာတယ်လို့ ပြောကြလေတယ်။

ထိုလျှို့ဝှက်နယ် မြေထဲမှာ ပိုင်ရှင်ရဲ့ စိတ်ဝိဉာဥ် စွမ်းအားတွေ အများကြီး ပျံ့နှံ့နေကာ သူပိုင်ဆိုင်ထားတဲ့ လက်နက်နဲ့ ရတနာတွေ အမျိုးမျိုးလဲ ရှိတဲ့ အပြင် အဲ့ထဲမှာ နတ်ဘုရား အဖြစ်သို့ တက်လှမ်းနိုင်မယ့် လျှို့ဝှက်ချက် ပါ ရှာတွေ့ နိုင်သေးတယ်တဲ့လေ။

ဒါကြောင့်မလို့ နတ်ဘုရား တစ်ဝက်တောင် ပွင့်တဲ့ အချိန်တိုင်း  ကြီးကျယ်တဲ့ အခမ်းအနား တစ်ခု ဖြစ်ပြီးတော့ လူတိုင်းက အဲ့တာ နဲ့ ပတ်သက်ပြီး ရူးသွပ်သွားကြတာ ဖြစ်လေတယ်။

တံခါး က ပွင့်သွားပြီ ဆိုပေမယ့် ဘယ်သူကမှ ဟဲလျန်ချန်း နဲ့ မတိုက်ခိုက် ရဲပါပေ။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now