အပိုင်း (15.1)

2.4K 333 9
                                    

(15.1)

စုယွမ်ရဲ့ နှလုံးသား လေး ပြင်းထန် စွာ တုန်လှုပ်သွားတဲ့ အခါမှာတော့ မြူခိုး ခပ်ဖျော့ဖျော့ က ထိုနေရာ မှာ မြင့်တက် လာခဲ့တယ်။

ထိုမြူခိုးတွေက ခပ်ဖျော့ဖျော့ ပန်းရောင် သန်းနေ ပြီးတော့ ချိုမြိန်တဲ့ မွှေးရနံ့ တစ်ခု ရှိလေတယ်။ အဲ့တာ က အသီးမွှေး ရနံ့နဲ့ ဆင်တူ ပြီးတော့ ရှုသွင်း ရတာ လဲ အရမ်းကို သက်တောင့်သက်သာ ရှိလေတယ်။ စုယွမ် ခမျာ အနည်းငယ်လောက် မူးယစ် ရီဝေ သွားလေတယ်။

တစ်ခဏ အတွင်းမှာ ပဲ စုယွမ် က အရမ်းရင်းနှီးတဲ့ အပြင်အဆင် တစ်ခုကို မြင်လိုက် ရတယ်။ အဲ့တာ က  ခေတ်သစ် က သူ့ရဲ့ အိပ်ခန်းပဲ ဖြစ်တယ်။

ပိုပြီးတော့ မျက်စိ ဖမ်းစား နိုင်တာ ကတော့ ၃ မီတာ လောက်ရှည်တဲ့ နူးညံ့ပျော့ပျောင်း အိစက် နေတဲ့ မွေ့ရာကြီး ပါပဲ။ ထိုအချိန်မှာတော့ အဲ့ပေါ်မှာ အရမ်းကို လှပ ပြီးတော့ စွဲရမ္မက် ပြင်းပြ ဖွယ် အလှလေး တစ်ယောက် လဲ နေတာ ​ကို တွေ့လိုက် ရလေတယ်။

စုယွမ် က မွေ့ယာ ကြီး ဆီကို မသိလိုက် ပါပဲနဲ့ ခပ်​​ဖြေးဖြေး ချင်း လျောက် သွား မိလေတယ်။ ပြီးတော့ ထိုအလှလေး ရဲ့ ဆွဲငင် ညှိ့ယူ ခြင်းကို ခံလိုက်ရလေတယ်။

နောက်တော့ သူ့ ကိုယ် က ထင်းမီးခြောက်တွေ လို ပြင်းပြင်း ထန်ထန် လောင်ကျွမ်း ခံလိုက်ရတယ်လေ။

စုယွမ် က သူ့ရဲ့ အသိစိတ် ပြန်ဝင် လာတဲ့ အခါမှာတော့ သူ့စိတ် ထဲက နာကျင်မှု က လုံးဝပြီး  သွားပြီ လို့ ခံစားလိုက် ရလေတယ်။ ဒါပေမယ့် လုံးဝ ကို မထင်မိတာက နောက်တစ်ခါ ထပ်ပြီးတော့ လျှို့ဝှက်အပ်တဲ့ နေရာက  သေလုမတက် နာကျင်လာ ပြန်တယ်။

မူးဝေ နောက်ကျိနေတဲ့ စုယွမ် ခမျာ ရုတ်တရက် ကြီး နိုးထ လာပြီးတော့ ထထိုင်လိုက်တယ်။

စုယွမ် က ပတ်ဝန်းကျင်ကို လွဲ ကြည့်လိုက်တဲ့ အခါမှာတော့ ထိုအခိုက်အတန့်မှာ သူ့မျက်လုံးများ ကို ဖမ်းစား သွား နိုင်တာ ကတော့ ဟဲလျန်ချန်း ရဲ့ ရမ္မက် ပြင်းပြ စေနိုင်တဲ့ အလွန်အကျွံ အလှ တရား ပါပဲ။ ပြီးတော့ မွှေး ရနံ က အရင်က ထက် ပိုပြီး သင်းပျံ့ လာကာ ပိုပြီးတော့ လိင်စိတ်ကို တက်ကြွ လာစေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now