အလျင်လိုစရာမလိုဘူးတဲ့။

ဒါစကားကို နတ်ဆိုးကြီးရဲ့ပါးစပ်ထဲကနေကိုယ်တိုင်ကိုယ်ကျထွက်ကျလာတာကို သူဘယ်လိုယုံကြည်ရမလဲ။ နတ်ဆိုးဧကရာဇ်က နတ်ဘုရားမြေခွေးကို အသက်ပြန်သွင်းဖို့ ဘယ်လောက်တောင်စိတ်စောပြီး အလောတကြီးနိုင်လဲဆိုတာ နတ်ဆိုးတိုင်းသိကြသည်။ ပိုင်ရှန်းကိုယ်တိုင်လည်း ချွင်းချက်မဟုတ်ပေ။ အခုတော့ နတ်ဘုရားမြေခွေးနဲ့ပတ်သပ်ရင် သေးသေးလေးတောင်အမှားအယွင်းမခံနိုင်သည့် နတ်ဆိုးကြီးရဲ့ပါးစပ်က အလျင်လိုစရာမလိုဘူး ဆိုတဲ့စကားကို အခက်အခဲမရှိထွက်ကျလာခဲ့သည်။

သူဘယ်လိုယုံရမလဲ။

"ခင်ဗျား!!...ခင်ဗျား ဘယ်သူလဲ!!!!...ဘာကြောင့်အရှင့်အယောင်ဆောင်ပြီး ကျုပ်အနားချည်းကပ်လာတာလဲ....အခုချက်ချငိးရည်ရွယ်ချက်ကိုပြစမ်း!!!!"

ပိုင်ရှန်းဟာ အယောင်ယောင်အမှားမှားဖြင့် ဓားဆွဲထုတ်ကာ ဝမ်ရိပေါ်ကို အော်ငေါက်လိုက်သည်။

နတ်ဆိုးကြီးက ဘယ်သောအခါမှာ နတ်ဘုရားမြေခွေးနဲ့ပတ်သတ်လာရင် ပေါ့ပေါ့လျော့လျော့ သတ်မှတ်ထားမှာမဟုတ်ဘူး။ သေချာပေါက် ဒီလူက အယောင်ဆောင်ပဲ။

ဝမ်ရိပေါ်ရဲ့မျက်နှာချောချောမှာချက်ချင်းမဲမှောင်သွားသည်။ သူ့လက်ဖဝါးပေါ်တွင် နက်ရွှေရောင်မီးတောက်တစ်ချို့ ရုတ်ချည်းတောက်လောင်ပေါ်ထွက်လာ၏။

အချိန်အနည်းငယ်ကြာမြင့်ပြီးနောက်တွင်.....

ပိုင်ရှန်းဟာ သူ့မူလမျက်နှာကိုတောင် မမှတ်မိနိုင်သည့် ဖူးယောင်နေသောမျက်နှာဖြင့် ဒူးထောက်နေရင်း ဝမ်ရိပေါ်ကို ငိုမဲ့မဲ့ကြည့်သည်။

ဒီတစ်ယောက်က နတ်ဆိုးဧကရာဇ်ဆိုတာ သေချာသွားပြီ။ သူဒီလောက်ထိ သေလုအောင်အရိုက်ခံရတာက သက်သေပဲမဟုတ်လား။

ရှောင်ကျန့်ကဖြစ်စဥ်တစ်လျောက်လုံးကို အူကြောင်ကြောင်ဖြင့်စိုက်ကြည့်နေသည်။ သို့ပေမယ့်သူ့ပါးစပ်က တစ်လှုပ်လှုပ်ဖြင့်အဝါးမပျက်ပဲ အရှေ့မှာချထားတဲ့သရေစာမုန့်တစ်ချို့ကို အစားမပျက်သေးချေ။

ပိုင်ရှန်းဟာ ငိုသံကြီးဖြင့် ဝမ်ရိပေါ်ကို မေးသည်။

"ဘာဆက်လုပ်ကြမလဲ အရှင်"

system 091 Where stories live. Discover now