☀️နေကင်းနှင့်အတ္တသစ္စာ🌻

10.5K 290 79
                                    

Hello my readerတို့
ဟယ်ရန်နေကြာပါ...

နေကင်းအတွဲပြီးရင် ဒီလိုမျိုး 1night ပို့စ်တွေတင်ပြီး ပြောချင်ရာပြောလို့ရမယ်မထင်တော့ပါဘူး..
ဟယ်ရန် Extra partကိစ္စလေး နည်းနည်းပြောချင်ပါတယ်.. အစက ဇာတ်လမ်းပြီးမှ ပြောမလို့ပါပဲ..

publish introဝင်ထားတဲ့ The loyalty of the ego (အတ္တသစ္စာ)က နေကင်းရဲ့ original versionဖြစ်ပါတယ်.. အဲဒီ့ဝတ္ထုက အချိန်အကြာကြီးစဥ်းစားခဲ့ရတဲ့ storylineဖြစ်ပါတယ်။ အများကြီး အားခဲထားတဲ့ဝတ္ထုရှည်ကြီးမို့ formatတွေ ကြိုချထားခဲ့တာကြာပါပြီ။ character lineချရုံပဲ ချရသေးတာဖြစ်ပြီး Write your own historyရေးပြီးရင် ခဏနားပြီးမှ အဲဒါကိုရေးမယ်ဆိုပြီး ကိုဗစ်နဲ့စစ်နဲ့ ဟယ်ရန့်ဘက်မှာလည်း အခြေအနေမကောင်း ရှောင်ရှားရတာတွေများလို့ ကုန်ကြမ်းမစုံသေးတာကြောင့် မရေးဖြစ်သေးတာပါ။ ကုန်ကြမ်းစုနေဆဲကာလမှာ စာမရေးဘဲ မနေနိုင်တာရယ်၊ လက်ကျင့်ပျက်မှာစိုးတာရယ်ကြောင့် အဲဒီ့ထဲက parallel characterတွေဖြစ်တဲ့ နေစက်ကွင်းနဲ့နေကြာရိုင်းကို ဆွဲထုတ်ပြီး 'နှလုံးသားရဲ့အလိုတော်အတိုင်း'ဆိုတဲ့ အခု နေကင်းကို ရေးဖြစ်ခဲ့တာပါ။

နေကင်းကို ရေးခဲ့ပြီး အခန်း ၁၇ထိ ကိုယ့်အကောင့်မှာ သူငယ်ချင်းတွေလောက်ပဲပေးဖတ်ခဲ့ပြီး Wattpadမှာတင်ဖို့စိတ်ကူးမရှိခဲ့ပါ။ wpမှာ အရဲစွန့်ပြီးတင်ခဲ့တဲ့ ဖီးနစ်ငှက်က 5view 6view လောက်ပဲရလို့ တင်ဖို့ အားမရှိတာလည်း ပါတာပေါ့နော်😆

ဘာရယ်မဟုတ် အစီအစဥ်မရှိ မရည်ရွယ်ဘဲ တင်ဖြစ်ခဲ့ပြီး gpတွေထဲ ပရိုမိုးရှင်းလိုက်ဆင်းရာကနေ လူသိများလာခဲ့တာပါ။ အဲဒီ့အထိ နေကင်းကို ဘယ်လိုဆက်ရေးရမလဲ ဆိုတဲ့ သီးသန့်စတိုရီလိုင်းတစ်ခု အကောင်အထည်ပေါ်မလာသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတ္တသစ္စာအတွက် သတ်သတ်ဖယ်ထားတဲ့စတိုရီလိုင်းနဲ့မရောထွေးချင်လို့ပါ။ လက်ကျင့်မပျက်အောင် ရေးစမ်းကြည့်တဲ့ ဝတ္ထုကို ဒီတိုင်း ပေါ့ပေါ့ပါးပါး romanceလေးပဲ အခန်း ၃၀လောက်ထိ ရေးကြည့်မယ်ဆိုပြီး လက်တည့်စမ်းရာကနေ ရေးရင်းရေးရင်း moodတွေစွတ်ဝင် ၊ စတိုရီလိုင်းကြီးက ပေါ်လာပြီး ဟယ်ရန် လက်လွန်ကြက်သွန်ဖြစ်ကုန်လို့ အခု အခန်း ၄၂ထိရောက်လာပြီ။ အစကတော့ အပျော်သဘောရေးတာ.. နောက်တော့ အတည်တွေဖြစ်ကုန်ရော။

☀️The Will Of The Heart🌻Where stories live. Discover now