🌻အခန်း(၁၉)🌻

16.6K 647 61
                                    

🌻အခန်း(၁၉)🌻

'ဈာန်ရဲကို ဘယ်လိုအကြောင်းရှာပြီး လမ်းခွဲရမလဲ မသိတော့ပါဘူး အမရာရယ်... လာမယ့်ဘေး ပြေးတွေ့ရုံပဲ၊ ငါ ကိုစက်ကို အရမ်းချစ်မိနေပြီ..'

'ဈာန်ရဲက လောလောဆယ် သူ့အလုပ်ကိစ္စတွေနဲ့ရှုပ်နေတော့ နင့်ကိစ္စ သိသေးမယ်မထင်ဘူး၊ နင် ဘာကိုရွေးချယ်သင့်လဲ ခေါင်းအေးအေးနဲ့စဥ်းစားပါဦး...'

အမရာက မာန့်ကို ရွေးချယ်မှုမှားသွားမှာ စိုးရိမ်နေပုံဖြင့် သတိပေးသည်။ နေစက်ကွင်းကို ယုံစားလို့ မရကြောင်းပါ ထည့်ပြောပေမဲ့ မာန်ကလက်မခံ။

'ငါ ဘယ်နှခါ စဥ်းစားစဥ်းစား ကိုစက်ကိုပဲ ရွေးချယ်မှာ...'

'ငါကတော့ ကြို​ပြီးသတိပေးတယ်နော်.. နေစက်ကွင်းကို အရမ်းမယုံစားမိစေနဲ့၊ နင် အခုမွှန်နေလို့ ဘာမှမပြောချင်ပေမဲ့ သူက ထုံးစံအတိုင်းလုပ်သွားရင် နင်ပဲခံစားရလိမ့်မယ်...'

'ကိုစက်ကို ငါ့အချစ်တွေနဲ့ချည်နှောင်ထားမှာပါဆို..'

ယုံကြည်မှုအပြည့်နှင့် ပြောနေဆဲမှာ staffတစ်ယောက်ရောက်လာသည်။

'မမမာန်.. ဧည့်သည်တစ်ယောက် လာတွေ့တယ်ရှင့်၊ ကိုနေစက်ကွင်းလို့ ပြောပါတယ်..'

ရှုတင်ပြီးပြီမို့ အားလုံးပစ္စည်းသိမ်း၊ ရှင်းလင်းရင်း အလုပ်ရှုပ်နေကြပြီး မာန်ကလည်း အထုပ်အပိုးတွေသိမ်းကာ ပြန်ဖို့ဟန်ပြင်နေပြီဖြစ်၏။ မပြန်ခင်လေးမှာ အမရာနှင့် ခဏတဖြုတ်စကားပြောနေစဥ် တိုက်ဆိုင်စွာ ရောက်လာသည့်သူ့ကြောင့် မာန့်မျက်နှာ ဟန်မဆောင်နိုင်လောက်အောင် ရွှင်မြူးသွားသည်။

'တွေ့လား... သူ့အကြောင်းပြောနေတုန်း သူရောက်လာတာ ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ၊ အချစ်ရဲ့စွမ်းအားဆိုတာ အဲဒါပဲ အမရာ... '

မာန် မှန်ကြည့်၊ puffဖို့ပြီးနောက် ခပ်သွက်သွက်လေး ပြေးထွက်သွားလျှင် အမရာ ရင်မောစွာ သက်ပြင်းချကျန်ရစ်ခဲ့၏။

နားနေခန်းသဘောမျိုး လုပ်ထားသည့် စတူဒီယိုအရှေ့ဘက်ခန်းထဲက ဆက်တီမှာ သူက ခပ်မိန့်မိန့် ခြေချိတ်ထိုင်နေကာ အဖြူနှင့်အညိုရောသည့် အမွေးစုတ်ဖွားခွေးလေးတစ်ကောင်ကို ပွေ့ပိုက်ထား၏။

☀️The Will Of The Heart🌻Donde viven las historias. Descúbrelo ahora