🌻အခန်း(၄)🌻

19.8K 565 9
                                    


'အမှုဖွင့်လည်း သောက်ဂရုမစိုက်ဘူး...'

စက် အသံကျယ်ကျယ်နှင့်ပြောနေပြီးမှ နေ ထွက်လာတာကို မြင်သွားကာ ခြံထဲ ခပ်သုတ်သုတ်ဆင်းခဲ့သည်။

'အဲဒီ့ခွေးသူတောင်းစားလေးက ငွေလည်းပြန်ရမှ၊ လူကိုလည်းပြန်လုပ်ရမှ ကျေနပ်မယ်ဆိုပဲ.. သူ့အဖေက ရှေ့နေတွေနဲ့စီစဥ်နေပြီ တရားစွဲဖို့..'

ရာမက မပြောချင်ဘဲ ပြောရသည့်ပုံစံနှင့် သတိပေးချင်သလိုလို၊ စိုးရိမ်ပူပန်နေသလိုလို။
စက် ဖုန်းကို လက်လွှဲပြောင်းကိုင်၍...

'သက်သေခိုင်လုံရင် စွဲစမ်းပါစေ.. ငါ့ဘက်က ရင်ဆိုင်ဖို့readyပဲ..ဒါပဲ..နောက်မှပြောတော့..'

နေ ခြံထဲထိဆင်းလျှောက်လာပြီမို့ သူ ရာမကိုစကားစဖြတ်၍ ဖုန်းပိတ်လိုက်၏။ ကိုယ့်ပြဿနာ အရှုပ်အထွေးတွေထဲ နေ့ကိုဆွဲမခေါ်ချင်၊ သိလည်းမသိစေချင်ပါ။ နေ မေးမြန်းစပ်စုဖို့ အချိန်မရခင်မှာပဲ သူက ပြုံးရိပ်ဆင်၍...

'လှလိုက်တာကွာ...'

ပြောရင်း သူ့လက်ထဲက ဖုန်းကင်မရာနှင့် ဓာတ်ပုံ ဖျတ်ခနဲရိုက်ယူလိုက်၏။

'မြှောက်နေတာလား၊ ရွဲ့နေတာလား..'

နေက ခဲရောင် ပခုံးချိတ်ဂါဝန်လေးကိုဝတ်ထားကာ လက်ကိုင်အိတ်က အစ ဖိနပ်အဆုံး ခဲရောင်တွေချည်းဖြစ်သည်။ ပုလဲနက်တစ်ကုံးတည်းဆွဲထားသည့် လည်တိုင်လေးက ထင်းရှင်းနေ၏။
သားရေကွင်းပျော့နှင့်စည်းနှောင်ထားသည့်ဆံပင်တွေက သူမနဖူးမှာ ကပိုကရိုဝဲကျနေသည်။
စက်ကတော့ ဆံပင်ရှည်တွေကို အပြောင်သိမ်း၍ စုစည်းထားသည်မို့ သူ့အတွက် မျက်စိရှုပ်စရာဖြစ်နေသည့် နေ့နဖူးပေါ်က ဆံမြိတ်တွေကို သိမ်းဖယ်ကာ အနီးရှိ နှင်းဆီပင်မှ နှင်းဆီဖြူတစ်ပွင့်ကိုခူး၍ သူမနားရွက်ဖျားလေးမှာ ထိုးစိုက်ပန်ပေးသည်။

'ဆံပင်က ဒီတိုင်းစည်းထားရင်လည်း ကလစ်လှတာလေးတွေတော့ညှပ်ခဲ့မှပေါ့..'

'မလှလို့လား အခုက...'

'ပိုလှစေချင်လို့ပါကွာ... ကဲ သွားမယ် နောက်ကျနေပြီ..'

'တက်ကြွတဲ့ ကြက်ဖကြီး...'

'ဟ...'

စက်မျက်နှာကြီး ရှုံ့မဲ့သွားတော့ နေက လျှာထုတ်ပြောင်ပြ၍ ကားထဲဝင်ထိုင်သည်။

☀️The Will Of The Heart🌻Όπου ζουν οι ιστορίες. Ανακάλυψε τώρα