🌻အခန်း(၃)🌻

23.7K 597 14
                                    

'သက်သာရဲ့လား သင်္ဂိုရ်..'

'အေး...မဆိုးလှပါဘူး...'

သင်္ဂိုရ်က ခေါင်းမှာ ပတ်တီးနှင့်ဖြစ်ကာ မျက်နှာကတော့ ကြည်လင်လန်းဆန်းနေ၏။ သို့သော် ချက်ချင်း မှုန်မှိုင်းသွားကာ..

'ငါ သင်တန်းတောင်ဆက်မဖွင့်ချင်တော့ဘူးကွာ...'

'ဘာဖြစ်လို့လဲ...'

'ဒီလိုမျိုးခံလာရတာ ငါ့တပည့်တွေကိုဘယ်လိုမျက်နှာပြရမလဲ...'
စက်က ကျွတ်သပ်ရင်း သင်္ဂိုရ်ဘေးမှာ ခုံဆွဲ၍ထိုင်လိုက်၏။

'အဓိပ္ပါယ်မရှိတာကွာ ..သူတို့ အမှောင်ထဲကနေ ချောင်ခိုရိုက်လို့ ခံရတာပဲ၊ မင်း စိတ်ဓာတ်ကျနေရင် သူတို့ကိုအရှုံးပေးလိုက်သလိုဖြစ်သွားမှာပေါ့ကွ...'

သူ့ဒေါသတွေ တစ်ကနေ ပြန်စလိုက်သကဲ့သို့ အသစ်ပြန်ဖြစ်သွား၏။ ညစ်လျှင် ပြန်ပတ်တတ်သည့်သဘောကိုလက်ခံနိုင်သော်လည်း မညစ်ခဲ့ရပါဘဲ အငြှိုးထားရန်ရှာခဲ့သည့် ဈာန်ရဲတိုက်နှင့် သူ့အုပ်စုကိုတော့ ကျေအေးမပေးနိုင်သေးပါ။

'အဲဒီ့ကလေးကလား ချာတိတ်တစ်ယောက်ကို မင်းဘာမှသောက်ဂရုစိုက်စရာမလိုဘူး သင်္ဂိုရ်... သင်တန်းပိတ်မယ့်ကိစ္စ ငါလက်မခံဘူး..'

'အေးပါကွာ..'

'ဒီကြားထဲ မင်း အေးဆေးအနားယူဉီး၊ မင်းသင်တန်းကို ရာမ ဆက်runပေးနေတာပဲ၊ ငါလည်း မကြာမကြာသွားပေးမှာပါ...'

သင်္ဂိုရ်က ကိုယ်ခံပညာသင်တန်းကျောင်းကြီးဖွင့်ထားကာ နည်းပြအကျော်အမော်တွေခန့်ပြီး သူကိုယ်တိုင် နည်းပြ၀င်လုပ်၍ ကြီးကြပ်ကွပ်ကဲနေသူမို့ နောက်ဆံတင်းနေသည်။ သို့ပေမဲ့ စက်က စိတ်မပူဖို့ပဲ ပြော၍ သူ့ဆီ မကြာမကြာ လာပေးသည်။ နည်းပြတစ်ယောက် ချောင်းရိုက်ခံရသည့်သတင်းက လူကြားလျှင် ရှက်ဖို့တောင်ကောင်းလေသည်။ စက်ကတော့ ဘာကိုမှ မတုန်လှုပ်ခဲ့သည့် သူ့ဟန်ပန်အတိုင်း အမှုဘာညာဖွင့်လာမည့်အရေးကိုတောင် ဖြုံပုံမရချေ။

'ကျေးဇူးပါပဲ စက်ရာ .. မင်းအိမ်ကရော ဒီကိစ္စသိလား...'

'ငါ့ပြဿနာတွေ ဘယ်တော့မှအိမ်ပြန်မသယ်တတ်ဘူး...'

☀️The Will Of The Heart🌻Where stories live. Discover now