This smile -9

56 6 2
                                    

*ဂျွန်ထတော့ကွာ ထပ်အိပ်နေရင်း မင်စိတ်ဆိုးတော့မှာနော် ဂျွန် *

ဆိုကာနိုးနေသည်ကို မထဘဲအိပ်ပုတ်လုပ်နေသည့်‌ဆရာဂျွန်အား အချဉ်ဖောက်ကာ နိုးနေရခြင်းဖြစ်လေရဲ့။ ထိုအခါဆရာဂျွန်သည်

*မင်ကလည်းကွာ ကိုယ်ညကပင်ပန်းထားလို့ပါကွာ အဲ့တာကြောင့် ခဏလေးထပ်ချင်သေးလို့ပါ *

ဆိုပီးပြောလေတော့ ဆရာလေးမင်သည်

*ဒီနေ့ဆရာဂျောင်နဲ့ ဟန်နာတို့ ဆိုးလ်ကနေ ပြန်လာမဲ့နေ့လေဂျွန်ရဲ့ နောက်ရက်ကြမှ့ပဲ အိပ်တော့ဘယ်နှဲ့လုပ် ဆရာဝန်ကမိုးအရမ်းလင်းတဲ့အထိ အိပ်စရာလား ထကွာနော်လိမ်မာတယ် ထတော့ *

ဆိုကာပြောလေတော့မှ့ပဲ ဆူပုတ်ပုတ်ဖြင့်ထလာပါသော ဆရာဂျွန်ကြောင့် ဆရာလေးမင်မှာပြုံးကာ

*ပြွက်စ်~~~ လူဆိုးကြီးမျက်နှာကြီးက ဆူပုတ်နေတာပဲ အာရီးဂူးးအဲ့လိုဆိုရင် ချောတော့ဘူးနော် ဟော်ဒီကမင့်ရဲ့ အသဲတုံးကြီးက ပြုံးရင်အရမ်းချောတာ သိတယ်မှတ်လား ။ မင့်လိုပဲ‌လေပြုံးလိုက်ရင် ချောတာကိုလေ *

ဆိုပီးပြောတော့ ဆရာဂျွန်သည်

*မင်က ချောတာမဟုတ်ပါဘူးနော် ချစ်ဖို့ကောင်းတာ ပြုံးလိုက်ရင်လည်း အရမ်းလှတာနတ်သားရှုံးရလောက်အောင်ကို လှတာ *

ဆိုပီးပြောတော့ ဆရာလေးမင်ခများမှာ မနက်စော
‌ေစာသူအား လှကြောင်းပြောနေပါသော ဆရာဂျွန်ကြောင့် အရှက်ပိုရပြန်တယ်လေ။ ထိုအခါဆရာဂျွန်သည်

*မွ ကိုယ်ရေချိုးလိုက်အုံးမယ်နော် ဒိီနေ့တော့အဒေါ်ကြီးယူကို မချက်ခိုင်းနဲ့တော့ ကိုယ်နဲ့မင်က ချက်
ပြုတ်ပီး အဒေါ်ကြီးယူကိုရော ဦးရီးကိုရော ပီးတော့ဆရာဂျောင်တို့ အတွဲကိုရော ကျွေးမွေးကြမယ် ဟုတ်ပီလား *

ဆိုပီးပြောလေတော့ ဆရာလေးမင်ခမျာ ဟင်းမချက်တာကြာလို့လားတော့မသိဘူး ရင်တွေခုန်နေရတာပေါ့။ ထိုသည်ကိုကြည့်ရင်း သ‌ဘောကျနေပါသော ဆရာဂျွန်းလည်း ရှိလေ၏။

------ This smile --------

*ဒါကအကိုပြောတဲ့ အကို့ရဲ့အကိုဝမ်းကွဲဆိုတာလား ဟုတ်လားအကို *

This smile ( Complete )Where stories live. Discover now