This smile -1

160 12 2
                                    

မိုးများစွာရွာသွန်းနေတဲ့အချိန်မှာ လူတိုင်းကိုယ်စီငြီးငြူဟန်ပြနေပေမဲ့။ တစ်စုံတစ်ဦးမှာတော့ ပျော်ရွှင်နေဖွယ် ။ အဲ့ဒီတစ်စုံတစ်ဦးဟာ သူများအမြင်မှာ ရူးနေတယ်လို့ ထင်မြင်ရရင်လည်း ကိတ်စမရှိပေ‌။

အကြောင်းကာ သူ့ရဲ့အပျော်လေးကို သူရှာနေရုံပဲကိုဘယ်သူ့ကိုမှ့လည်း လိုက်ပီးတော့ ကြည့်ရင်းဆုံးဖြတ်နေမဲ့အထဲမှာ မပါသလို သူဟာသူ့ဘာသာသူနေရတာကို ကြိုက်နှစ်သက်သည်ကို။

*ဟေးးးးး မိုးတွေရေ အများကြီးရွာပေးပါအုံးနော် ငါမိုးရေတွေကို ထိတွေ့ရတာ‌ကြိုက်လို့ပါ *

ဆိုပီးတစ်စုံတစ်ဦးပြောသည့်စကားကို မိုးမင်းကြီးက သိသည့်အလား ၊ ကြိုက်သည့်အလား ထိုစကားသံလေးအား နာခံစွာဖြင့် ပိုမိုပင် ရွာသွန်းလေ၏။

ထိုတစ်စုံတစ်ဦးဟာ မိုးတွင်းကို အရမ်းနှစ်သက်သည်ကို။

*ဟေး မိုးမင်းကြီးရေ ငါလေမင်းကြောင့် အရမ်းပျော်ရပါတယ် ကျေးဇူးပါနော် အခုတော့ငါပြန်တော့မယ် *

ဆိုပီးပြောရင်း မိုးကောင်းကင်အား ကြည့်ကာဦးညွှန့်လျှက် ထိုနေရာကနေထွက်သွားလေ၏။ ထိုတစုံတစ်ဦးအနားမှာ ရှိနေခဲ့တဲ့လူအပေါင်းကတော့ ထို‌တစ်စုံတစ်ဦးအား ရူးနေသည်လို့တောင် ထင်မြင်မိနေမလား ။

*ဟူးးမိုးရွာတော့ နေရတာစိုစီစိုစီနဲ့ ဘယ်လိုကြီးလည်းကွာ ကျစ် *

ဆိုပီးငြီးငြူနေတဲ့ တစ်စုံတစ်ဦးလည်း ရှိလေရဲ့။ ထိုတစ်စုံတစ်ကတော့ မိုးတွင်းကို ကြိုက်သည်လည်းမဟုတ် မကြိုက်သည်လည်း မဟုတ်သူ့သဘောသဘာဝ အတိုင်းပဲနေရတာကို နှစ်သက်တယ်လို့ပဲ ပြောရမလား ။

မိုးအရမ်းရွာတာပဲ ဖြစ်ဖြစ် ၊ နေအရမ်းပူပြင်းတာပဲ ဖြစ်ဖြစ် ၊ အရမ်းအေးလွန်းတာပဲ ဖြစ်ဖြစ် မကြိုက်တဲ့သူမျိုးပေါ့။ အင်းလေ လူတွေမှာ ကိုယ်စီအကြိုက်ဆိုတာ ရှိကြတာပဲကို တစ်စုံတစ်ဦးရဲ့ အပြုအမူတိုင်းကို ငေးကြည့်ရင်း ပျော်နေသဘောကျနေတာကို ရှိသလိုမျိုးပေါ့။

----- This smile -----

*ဆရာလေး ဟယ်မိုးတွေလည်း ရွဲလို့ပါလား ကြည့်ရတာဆရာလေးထပ်ပီးတော့ မိုး‌ေရတွေနဲ့ ဆော့လာပြန်တာနဲ့တူတယ် *

This smile ( Complete )Where stories live. Discover now