နေရောင်အောက်တွင် ရေသူလေး၏ နဖူးအလည်တည့်တည့်တွင်တည်ရှိနေသော အပြာရောင်မြကျောက်မှာတစ်လက်လက်တောက်ပနေပြီး လွတ်လပ်စွာရေထဲကူးခပ်နေလေသည်။ သလင်းကျောက်လိုငါးမြှီး တစ်ခါလှုပ်ခတ်လိုက်ချိန်တိုင်း ဝမ်ရိပေါ်ဟာ သူ့နှလုံးသားကို ထိုငါးမြှီးလေးက တဆတ်ဆတ်ရိုက်ချနေသလိုမျိုးခံစားရသည်။

ရေသူလေးက သူ နှစ်ယောက်ရှိရာကျောက်ဆောင်ဆီကူးခပ်လာပြီး ဖြူဖွေးနူးညံ့သည့်လက်မောင်းလေးနှစ်ဖက်ကို ကျောက်ဆောင်ပေါ်ယှက်တင်လိုက်သည်။

"ရေကူးရတာအကောင်းဆုံးပဲ"

ရေသူလေး၏အပြုံးက ဝမ်ရိပေါ်၏နှလုံးသားကိုကြီးမားချွန်ထက်သည့်တစ်စုံတစ်ခုဖြင့် ဖောက်ကနဲထိုးဖောက်သွားသည်။ သူ့ရင်ဘတ်တစ်ခုလုံး  ပရမ်းပတာခုန်လှုပ်လာပြီး ကြီးစွာသောပျော်ရွှင်စိတ်ကျေနပ်မှုကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။

သူဝင်ရောက်ထားသည့်ခန္ဓာကိုယ်နှစ်ခုက ပြိုင်တူလှုပ်ရှားသွားပြီး ရေသူလေး၏ဖြူဖွေးနူးညံ့လွန်းသည့် လက်မောင်းသားလေးတွေကိုကြမ်းတမ်းသည့်ကျောက်ဆောင်နှင့် ထိစပ်နေရာကနေ ကာကွယ်ထိကိုင်လိုက်သည်။

"ကျောက်ဆောင်က ကြမ်းတယ်...."

"အသားတွေ နီရဲကုန်မယ်"

ခပ်ဆင်ဆင်တူညီသည့်အသံနှစ်သံက တစ်ပြိုင်တည်းထွက်ပေါ်လာသည်။ ဒါကသူဝင်ရောက်နေသည့်ခန္ဓာကိုယ်နှစ်ခုဆီကအသံဖြစ်ကြောင်း ဝမ်ရိပေါ်သိလိုက်သည်။ တစ်သံက အေးစက်ပြီး နောက်တစ်သံကနွေးထွေးနူးညံ့သည်။ ဆန့်ကျင်ဘက်အသံနှစ်ခုဖြစ်နေပေမယ့် သူတို့အရှေ့က ရေသူလေးအပေါ်တူညီသည့်ချစ်မြတ်နိုးခြင်းတွေနှင့် အထိခိုက်မခံနိုင်သောစိတ်နေစိတ်ထားမှာ ထူးဆန်းစွာသွာရောက် ထပ်တူညီနေလေသည်။

မြင်ကွင်းက ထပ်ပြောင်းလဲသွားပြန်သည်။

ဒီတစ်ခေါက်တွင် သူဝင်ရောက်သွားသည့်ခန္ဓာကိုယ်က ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေဟန်ရပြီး ပန်းချီကားချပ်ပေါ်တွင် သေးငယ်နူးညံ့သည့်ကလေးငယ်တစ်ယောက်နှင့်ဘောလုံးလေးတစ်လုံးလို ခပ်ဖောင်းဖောင်းခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် လူတစ်ယောက် မြက်ခင်းပြင်ပေါ်ထိုင်ရင်းပျော်ပျော်ရွှင်ရွှင်ရယ်မောနေသည့်ပုံ ကိုနူးညံ့မှုအပြည့်ဖြင့်ဆေးချယ်ထားလေသည်။ ဝမ်ရိပေါ်ဟာ ဘောလုံးလိုခန္ဓာကိုယ်နှင့် မျက်လုံးပျောက်လုမတတ်ရယ်မောနေသည့်ပန်းချီကားထဲကပုံရိပ်ကိုကြည့်ပြီး ရင်ထဲတစ်မျိုးလေးခံစားလိုက်ရသည်။

system 091 Where stories live. Discover now