ရှောင်းကျန့်စိတ်ကိုလည်းကျန်းချန်
အခုချိန်မှာနားလည်မနေတော့ပေ...
ကျိုးချန်နဲ့မျိုးရိုးတူတဲ့ရိပေါ်ပေါ်ကို
ကျိုးချန်ကစစတွေ့ကတည်းက
ညီလေးတစ်ယောက်ကောက်ရသလိုမျိုးချစ်တယ်။
ရှောင်းကျန့်ကိုလည်း
ငါ့ညီလေးကိုစိတ်ညစ်အောင်လုပ်ရင်
ငါနဲ့တွေ့မယ်ဆိုပြီးပြောခဲ့ဖူးလေသည်။
သို့ပေသော်ငြားအခုတော့ဖြင့်
အရိပ်ကလေးတောင်မတွေ့ရပေ။
မတွေ့ရတာဆိုတာထက်
အတွေ့မခံနေတာဖြစ်သည်..
ဘယ်သူကအတွေ့မခံတာလဲဆိုရင်တော့
ကျိန်းသေပေါက်ရှောင်းကျန့်ရဲ့အမေပဲဖြစ်တယ်
တစ်နေ့လောက်တော့မရ,ရအောင်တွေ့ပြီး
အကျိုးအကြောင်းကိုမေးချင်ပါသေးတယ်
"ကျိုးချန်..ငါရှောင်းနဲ့တွေ့ချင်တယ်.."
"အယ်..အင်း..တွေ့ရမှာပေါ့။
ဒါနဲ့တွေ့ပြီးရင်ဘာလုပ်မှာလဲ..
ဘာပြောမှာလဲ..ဟင်"
"အင်း..တွေ့ပြီးရင်လား။
ငါ့ကိုချစ်သေးလားနဲ့
ဘာလို့ငါ့ကိုညတိုင်းလာလာသတ်နေတာလဲ
လို့မေးချင်တယ်..ပြီးတော့လည်း
ကလေးလေးကိုအရမ်းချစ်တာပဲလား
လို့လည်းမေးချင်တယ်။
နောက်ထပ်..ကလေးလေးကရှိသေးတယ်
လို့လည်းပြောပြချင်တယ်။"
"ဟင်!. .ဒါ..ဒါပေမဲ့ မင်းညတိုင်းတွေ့တယ်ဆို..
အဲ့အချိန်မပြောပြဘူးလား.."
"မင်းသူငယ်ချင်းရှောင်းကျန့်ကလူဆိုးကြီးလေ
ငါ့ကိုစကားပြောခွင့်တောင်မပေးဘူး
ဝင်လာတာနဲ့လည်ပင်းအတင်းဖက်ပစ်တာလေ"
"လည်ပင်းကိုဖက်တာ?ဘယ်လိုကြီးလဲ?"
"လည်ပင်းကိုညှစ်တာကိုပြောတာလေ..
ဒါတောင်သိဘူးလား?"
"အော်..ဆောရီး"
"ရတယ်..မနက်ဖြန်ရှောင်းနဲ့သွားတွေ့ရအောင်လေ
နော်..နော်..ကျိုးချန်.."
"ဆေးရုံကဆင်းမှပေါ့"
"ကျိန်းသေတွေ့ပြီးရှောင်းကို
ချစ်တဲ့အကြောင်းတွေပြောချင်တယ်"
ရိပေါ်ပေါ်ရယ်မင်းဟာတကယ်ကို
ရှုးနှမ်းနေတဲ့ကောင်လေးပဲကွာ..။
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
