Zawgyi
အချစ်တစ်ခုမှာ
အရာရာအဆင်ပြေနေဖို့
ဆိုတာမဖြစ်နိုင်ပေမဲ့
ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ရဲ့
အချစ်မှာတော့
အရာရာအဆင်ပြေနေတာချည်းပဲ
ရှောင်ကျန့်ကတော့ပေါ့ပါးပေမဲ့
ဝမ်ရိပေါ်ကစိုးရိမ်နေမြဲ
လူကြီးတွေပြောလေ့ရှိတဲ့
လေပြေပြီးရင်မုန်တိုင်းလာမြဲ..တဲ့
ဒါကိုရိပေါ်ကြောက်တယ်
ရှောင်ကျန့်ရဲ့အသိုင်းအဝိုင်းက
ကြီးသလောက်
ရိပေါ်ရဲ့အသိုင်းအဝိုင်းက
သေးနုတ်တယ်
လောကဓံရဲ့
မာယာလှည့်ကွက်ကိုလည်း
ကြောက်တယ်
ရှောင်ကျန့်ကိုအဆုံးရှုံးမခံနိုင်ဘူး
အချစ်ဦးမို့ရူးတယ်ပဲပြောချင်ပြော
ရှောင်ကျန့်ကဝမ်ရိပေါ်အတွက်
နောက်ထပ်မရှိနိုင်တော့တဲ့
အချစ်ဦးနဲ့အချစ်ဆုံးပဲ....
ချစ်လွန်းလို့လည်း
ရှောင်ကျန့်လိုချင်လာရင်
နေရာမရွေးပေးမိတယ်
(ဘာပေးတာလဲနားလည်မယ်ထင်ပါတယ်)
ရက်ကိုလစား
လကိုနှစ်စားလို့
စာသင်နှစ်ဝက်ရဲ့
ကျောင်းပိတ်ရက်လေးတွေ
ထဲကတစ်ရက်ကို
ရှောင်ကျန့်နဲ့ရိပေါ်က
လျှောက်လည်ဖို့အတွက်
သဘောတူညီထားကြတယ်
နေရာက..
လော့ရန်မြောက်ပိုင်းရဲ့
ဘုံကျောင်းလေးသို့..
ဝမ်ရိပေါ်ရောရှောင်ကျန့်ရော က
အဲ့ဒိ့ဘုံကျောင်းလေးမှာ
မိုးမြေနဲ့အပြန်အလှန်ကန်တော့ပြီး
လက်ထပ်ပွဲသေးသေးလေးလုပ်ဖြစ်ပြီး
ဘုံကျောင်းကအပြန်လမ်းမှာပဲ
မဂ်လာဦးမဟုတ်တဲ့
မဂ်လာကိုဦးဖြစ်ကြတယ်
ပျော်ရွှင်စရာအတိနဲ့
နှစ်ယောက်တစ်ကမ္ဘာ
တည်နေကြတယ်
တကယ်ကိုပဲ...
တွေးထင်ထားတဲ့
စိုးရိမ်နေတဲ့အခြေအနေ
ကိုရောက်ခဲ့ကြတယ်
ရှောင်ကျန့်မိဘတွေက
ရိပေါ်နဲ့အကြောင်းတွေကိုသိပြီး
ရှောင်ကျန့်ကို
အဆက်ဖြတ်ခိုင်းခဲ့တယ်
ရှောင်ကျန့်ကလည်းခေါင်းမာဆဲ....
ဝမ်ရိပေါ်ကလည်းကပ်တွယ်မြဲ....
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
