^10^

610 43 5
                                        

Zawgyi


မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ်
မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ်
များစွာကိုလျစ်လျူရှုပြီး
မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို
မေ့ဖျောက်ပြီးတော့.....

<<<<<>>>>>>

လှိုက်တက်မှု
အနည်းငယ်ပဲရှိပြီး
ကိုယ်ဝန်မပျက်ကျဘူး

ဆယ်လုံးသောက်ရမလား

ဟူး....

"အော့...အေ့"

ဘေစင်ထဲကို
ခေါင်းစိုက်ချထားပြီး
အန်နေရာမှ
ခေါင်းမူးလာလို့
ခေါင်းကိုထောင်ပြီး
မှန်ထဲကြည့်မိတော့
ပါးစပ်မှာ
တစ်စွန်းတစ်စပေနေတဲ့
သွေးအချို့....

"အဟက်..ဟက်..အဟွန်း"

နှုတ်ခမ်းကိုထော်ပြီး
အနည်းငယ်
ခြောက်ကပ်ကပ်
ရီမိတယ်

စောက်ရမ်းပျော်တယ်

ဒါနဲ့အင်တာနက်မှာ
ရှာကြည့်ထားတာ
သွေးတွေဆင်းမှ
ကိုယ်ဝန်ပျက်ကျတာတဲ့

အောက်ကိုငုံ့ကြည့်မိတော့
ဝတ်ထားတဲ့
ပေါင်လယ်ဘောင်းဘီတို
အဖြူလေးမှာ
ဘာသွေးဆိုဘာမှမရှိ..

နောက် စပို့ရှပ်
အပြာနုရောင်လေးကို
လှန်ကြည့်တော့
ဗိုက်လုံးလုံးလေးကရှိနေတုန်း။

မဟုတ်သေးဘူး

ရေချိုးခန်းထဲကထွက်ပြီး
ကုတင်ပုလေးပေါ်မှာ
ကျန်ခဲ့တဲ့ဆေးဘူးကိုယူပြီး
ဘူးထဲကဆေးတွေများစွာကို
လက်ဝါးလေးထဲထည့်တယ်

အကုန်သောက်ပစ်မယ်

ရေဘူးလှမ်းယူမိတော့
ရေကဘူးဖင်ကပ်ပဲရှိတော့တယ်

ရေချိုးခန်းထဲပြန်ဝင်ပြီး
ဘေစင်ဘုံပိုင်ကရေကို
ဘူးထဲအပြည့်ဖြည့်တယ်

"အဟိ!"

သိပ်ကိုအူမြူးနေပုံရတယ်

မကြာခင်
လွတ်လပ်တော့မှာကိုး

မှန်ထဲမှာကြည့်ပြီး
ရယ်တယ်

မျက်ဝန်းထဲမှာ
မျက်ရည်တွေပြည့်လျှံလို့..

ရှောင်ကျန့်ဆီ
ပြန်လို့ရတော့မယ်

ရှောင်ကျန့်က,
ကလေးမချစ်လို့
တာဝန်မယူချင်တာ

Have A Bun In The OvenWhere stories live. Discover now