^7^

535 45 4
                                        

Zawgyi

အရာရာဟာ
ဒီအကြောင်းကနေပြီး
စမှားတယ်ဆိုရင်တော့
နောက်ကြောင်းပြန်လှည့်ပြီး
ဒီအကြောင်းတွေမရှိအောင်
လုပ်မိမယ်ထင်....

<<<<<<<>>>>>>>

ဘာယ်သူ့ဘယ်သူကိုမှ
အပစ်မဆိုချင်ဘူး

ဖြစ်သမျှအရာအားလုံးက
မကောင်းတဲ့ကံ အပေါ်ပဲ
ပုံချရမလိုဖြစ်နေပြီ

တောင်းပန်ပါတယ် ကျိုးချန်...

ငါမလိမ္မာချင်ဘူး..

တကယ်ကိုတောင်းပန်ပါတယ်...

************

နောက်နေ့မနက်မှာမိဘခေါ်ခဲ့ပြီး
ဝမ်ရိပေါ်ရဲ့ကျောင်းထွက်ခြင်း
အမှုကပြီးဆုံးပြီး
လော့ကာကိုရှင်းကာ
အိမ်ပြန်လာခဲ့တယ်

************

"သားသား..ရိပေါ်
မာမားကိုသေချာပြောပြပါကွယ်"

"ဟေ့ကောင်..ရိပေါ်မင်းထွက်ခဲ့..
မင်းနဲ့ငါစာရင်းရှင်းမယ်"

"အဖေကြီးရယ်စိတ်လျော့ပါအုံး။
သားသား အပြင်ထွက်ပြီး
ပြောပါအုံးကွယ်"

ကျောင်းကပြန်လာပြီးကတည်းက
အခန်းတံခါးလော့ချပြီးနေနေတဲ့
ရိပေါ်ကို ပါးနဲ့မားက
အပြင်ကခေါ်နေခြင်းပင်

"အော့...ဝေါ့.. "

"သားသား..အဆင်ပြေလား..
မာမားကိုတံခါးလေးဖွင့်ပေးပါကွယ်"

"ဝေါ့..မား..မလာနဲ့ ။အဆင်ပြေတယ်"

"ရိပေါ်..!!! မင်းတံခါးဖွင့်စမ်း။
မင်းမို့လို့စောက်ရှက်မရှိလုပ်တယ်
ငါ့တို့မိဘတွေအတွက်သိက္ခာလေး
ဘာလေးထည့်မတွက်ဘူးလား
ဘာမဟုတ်တဲ့ယောကျာ်းတစ်ယောက်
အတွက်နဲ့မဟုတ်မဟက်
ကိုယ်ဝန်ရှိပါတယ်ဆိုပြီးပြောရဲတယ်။
မင်းကွာ..မင်းး
ငါ့သားပြောရမှာတောင်ရှက်တယ်"

ဝမ်ပါပါးရဲ့
ကြိတ်မနိုင်ခဲမရအသံတွေကြောင့်
အိမ်ခန်းထဲမှာထိုင်ပြီးငိုနေတဲ့
ရိပေါ်ဟာဖြေရှင်းဖို့
အခန်းပြင်ကိုအမြန်ထွက်လာတယ်

"ပါး..ပါပါး..သားတကယ်ပြောတာပါ။
သားမှာကိုယ်ဝန်တကယ်ရှိတာပါ..
ပါပါး မာမား....သားကိုယုံပါနော်"

Have A Bun In The OvenWhere stories live. Discover now