Zawgyi
အရာရာဟာ
ဒီအကြောင်းကနေပြီး
စမှားတယ်ဆိုရင်တော့
နောက်ကြောင်းပြန်လှည့်ပြီး
ဒီအကြောင်းတွေမရှိအောင်
လုပ်မိမယ်ထင်....
<<<<<<<>>>>>>>
"အန်တီရှောင်း..
ကျွန်တော်ရှောင်ကျန့်နဲ့တွေ့ချင်လို့ပါ"
"အော်ကျိုးချန်..သားလာ။
ရှောင်ကျန့်မရှိဘူးကွယ့်"
"ဟို..ရှောင်ကျန့်ကဘယ်သွားလို့လဲ?
ပြီးတော့ဘာလို့ကျောင်းမလာတာလဲ"
"အော် သားလေးကို
သူ့အဘိုးရှိတဲ့နယ်ကိုပို့ထားတယ်လေ။
သူ့ကောင်လေးနဲ့အဆက်ဖြတ်ပါ
ဆိုတာကို မဖြတ်လို့ပဲဆိုရမှာပေါ့"
"သားက သူ့ကောင်လေးနဲ့
အဆက်ဖြတ်ဖို့ပြောပေးအုံးနော်"
"ဟိုရှောင်ကျန့်က
ဘယ်တော့ပြန်လာမှာလဲ"
"နောက်နှစ်ရက်လောက်ဆို
ပြန်ရောက်ပြီကွဲ့"
"ဟုတ်ဟုတ်
သားပြန်လိုက်အုံးမယ်နော်"
ရှောင်ကျန့်ကိုမတွေ့ရပဲပြန်လာတဲ့
ကျိုးချန်ရဲ့စိတ်ထဲမှာတော့
အန်တီရှောင်းပြောတာတွေနဲ့
ကိုက်ညှိနေခဲ့တယ်
ဒီနေ့နဲ့ဆိုရှောင်ကျန့်မလာတာ
၎ရက်ရှိပြီ
ရိပေါ်ပေါ်ကလည်းမျက်လုံးသေလေးနဲ့
နေ,နေတာအရမ်း
ဝမ်းနည်းဖို့ကောင်းတယ်
<<<<<<<>>>>>>>
"ဟာ..ရှောင်ကျန့်!
သားကြီးကျောင်းလာပြီပေါ့"
"အေး..ကျိုးချန်"
"မင်းကကွာ နေနိုင်လိုက်တာ..
ကျောင်းစောစောဘာလို့မလာတာလဲ?
ငါကပြောစရာရှိလို့စောင့်....."
"ရှောင်ကျန့်!"
ကျိုးချန်ရှောင်ကျန့်နဲ့
စကားပြောနေရင်းနဲ့
လက်စတောင်မသတ်ရသေးချိန်
ရိပေါ်ပေါ်ရဲ့အသံစူးစူးလေးက
ထွက်ပေါ်လာတယ်
လှမ်းကြည့်လိုက်တော့
ကဆုန်ပေါက်ပြေးလာတာ
သူ့ကိုယ်သူလူလွတ်ကြနေရောပဲ
"အော်ရိပေါ်..ဖြည်းဖြည်းလာကွ
ရှောင်ကျန့်ကထွက်မပြေးပါဘူး"
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
