Zawgyi
မေ့ဖျောက်ပြီးတော့.....
<<<<<>>>>>>
အရာရာဟာ
ဒီအကြောင်းကနေပြီး
စမှားတယ်ဆိုရင်တော့
နောက်ကြောင်းပြန်လှည့်ပြီး
ဒီအကြောင်းတွေမရှိအောင်
လုပ်မိမယ်ထင်....
<<<<<<<>>>>>>>
ကျောင်းရဲ့ page မှာ
ပျံနှံ့လာတဲ့videoတစ်ခု
"အဲ့လိုမလုပ်ကောင်းဘူးလေကွာ..
ရှောင်ကျန့်ရ..
ရိပေါ်မှာမင်းနဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ်"
......
ကျိုးချန်ကရှောင်ကျန့်ကို
ပြောလိုက်တဲ့စကားတွေ
ရစရာမရှိအောင်
အောက်ပြုတ်ကျသွားတဲ့
အရှက်တွေ...!!
"အသရေပျက်ပြားစေတယ်လို့
ကျောင်းသားရှောင်ကျန့်က
ကျောင်းကော်မတီအဖွဲ့ကို
တိုင်ကြားလာတဲ့အတွက်နဲ့
ဆရာမတို့ကျောင်းမှာ
ဒီလိုအကျင့်ပျက်မှုတွေကို
လက်မခံနိုင်တဲ့အတွက်
ဒီကကျောင်းသားဝမ်ရိပေါ်ကို
ကျောင်းထုတ်ဖို့အတွက်
စီစဉ်လိုက်ပါတယ်"
"ကျောင်းသားကျိုးချန်ကလည်း
အလိုတူအလိုပါပေမဲ့
ရှောင်ကျန့်က
သက်ညှာပေးခဲ့တဲ့အတွက်
ကျောင်းနှစ်ပတ်အနားပေးပါမယ်"
ရှောင်ကျန့်ကတဲ့...
တိုင်လိုက်တဲ့လူကလေ။
ကျိုးချန်ကြားကြားချင်းမှာ
ထူပူနေအောင်ဖြစ်သွားပြီး
ရှောင်ကျန့်ဆိုတဲ့
မျိုးမစစ်ကောင်ကို
ကိုသတ်ပစ်ချင်စိတ်တွေ
တဖွားဖွားရယ်....
ရိပေါ်ပေါ်ကိုကြည့်တော့လည်း
ခေါင်းကိုမြေကြီးထဲဝင်မတတ်
ငုတ်ထားပြီး
နှာခေါင်းလုံးလုံးလေးကနေ
မျက်ရည်တွေ
တစက်စက်ကျနေတယ်
"ကျောင်းသားဝမ်ရိပေါ်က
မနက်ဖြန်မနက်မှာ
ကျောင်းထွက်ဖို့အတွက်
မိဘတွေကိုခေါ်ခဲ့ပါ"
KAMU SEDANG MEMBACA
Have A Bun In The Oven
Fiksi Penggemarတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
