Zawgyi
အသိနဲ့သတိကပ်ချိန်မှာ
စူးအောင့်နေတဲ့ဗိုက်နဲ့
မူးဝေနေတဲ့ခေါင်းကြောင့်
တော်တော်နဲ့မျက်လုံးတွေကို
မဖွင့်နိုင်ပေ။
ပြင်းထန်တဲ့ ဆေးနံတွေနဲ့
နှာခေါင်းမှာတပ်ထားတဲ့
အောက်ဆီဂျင်ပိုက်တွေကြောင့်
ဆေးရုံမှာဆိုတာသိလိုက်ရချိန်
မ,မနိုင်တဲ့လက်ကို
အနိုင်နိုင်မပြီး
ဗိုက်ဆီသို့လက်လှမ်းမိတယ်
"ဟင့်..အင့်..အီး"
"ရိပေါ်ပေါ် ဘာဖြစ်လို့လဲ ။ဘယ်နားနာလို့လဲ"
လုံးထွက်နေတဲ့ဗိုက်ကိုစမ်းမိတော့
ဝမ်းနည်းဝမ်းသာနဲ့ ငိုချင်စိတ်က
တားဆီးမရတော့ပေ။
အက်ကွဲနေတဲ့အသံတွေနဲ့ငိုမိတော့
ဘယ်ကတည်းကရောက်နေမှန်းမသိတဲ့
ကျိုးချန်က လက်ကိုကိုင်ပြီးမေးလာတယ်
"ကျိုး..ကျိုးချန်!"
"အင်း..ငါလေ,ကျိုးချန်ပါ။
မငိုနဲ့ငါရှိတယ်"
လက်ကိုကိုင်ပြီးနှစ်သိမ့်နေတဲ့ကျိုးချန်က
အားနေတဲ့နောက်လက်တစ်ဖက်နဲ့
ပါးပေါ်ကမျက်ရည်တွေကိုသုတ်ပေးနေတယ်
"ကျိုးချန်..ဘယ်..ဘယ်လို
..လုပ်ပြီး..ရောက်နေတာလဲ"
စကားတောင်အနိုင်နိုင်ပြောနေရတဲ့
ရိပေါ်ပေါ်က
လေးရက်လောက်မေ့မြောနေတာတောင်
အခုထိ နိုးနိုင်ပုံမပေါ်...
"အဲ့ဒါတွေနောက်မှမေးတော့..
အခုတော့ပြန်အိပ်လိုက်အုံးနော်..
ရိပေါ်ပေါ်ကလိမ္မာပါတယ်"
ကျိုးချန်ပြောနေကြဖြစ်တဲ့
လိမ္မာတယ်နော် ဆိုတဲ့
စကားလုံးကို အမြဲတမ်း
ဆန့်ကျင်နေကြဖြစ်တဲ့
ရိပေါ်က ဒီတစ်ကြိမ်မှာနားထောင်ပြီး
ပြန်အိပ်သွားတယ်
ပြန်အိပ်သွားတဲ့ရိပေါ်ပေါ်ကိုကြည့်ပြီး
ကျိုးချန် မျက်ရည်တွေ
တာကျိုးသလို ပြိုကွဲထွက်လာတယ်
စောက်ရမ်းသနားဖို့ကောင်းတဲ့
ငါ့သူငယ်ချင်းလေး။
မတွေ့ဖြစ်တဲ့နှစ်ပတ်လေးအတွင်းမှာ
ရိပေါ်ပေါ်က
သေကြောင်းကြံစည်တဲ့အထိဖြစ်ခဲ့တာ။
သူဂရုမစိုက်လို့ဖြစ်ရတာ။
စိတ်ထဲကအတွေးတွေက
လွန်ခဲ့တဲ့ လေးရက်က
အချိန်တွေကိုပြန်ရောက်သွားတယ်
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
