Zawgyi
ပြတင်းပေါက်ကနေမြင်နေရတဲ့
မိုးကောင်းကင်က ကျနေတဲ့
မိုးသားတွေကို ကြည့်ပြီး
ရာသီဥတုက
အေးစိမ့်စိမ့်ဖြစ်နေပေမဲ့
ချစ်ရသူကိုလွမ်းဆွတ်နေတဲ့
အရှိန်ကြောင့်
ပြတင်းပေါက်
နားရောက်တာ
သုံးနာရီကျော်ပြီဆိုတာကို
မေ့လျော့နေလေသည်။
နောက်နားမှာ မတ်တပ်ရပ်လျက်
ရှိနေတဲ့ ကျိုးချန်က
တို့ကာတို့ကာနှင့်ပြန်ရန်
ပြောနေသော်လည်း
မျက်လုံးသေကြီးဖြင့်
တစ်နေရာတည်းကိုသာ
စူးစိုက်ကြည့်နေကာ
မေးမရ ခေါ်မရပေ။
လောကကြီးကိုစိတ်ကုန်နေတဲ့
ပုံစံနှင့်အသက်ရှင်နေသလိုကြီးဖြစ်နေတဲ့
ရိပေါ်ပေါ်ကို ကျိုးချန် ကြည့်ပြီး
ဘာလုပ်ပေးရမလဲသာ
စဉ်းစားနေမိသည်။
ဘာလုပ်လိုက်ရင် ရိပေါ်ပေါ်
အဆင်ပြေသွားမလဲဆိုတာဖြစ်သည်။
ကိုယ်ဝန်က ပျက်မသွားလို့ ဝမ်းသာရပေမဲ့
ဆေးတွေရဲ့ အရှိန်ကြောင့်
လောလောဆယ် မှာ ခြေထောက်တွေဟာ
အကြောတွေထိုင်းမှိုင်းနေမှာဖြစ်ပြီး
လမ်းလျှောက်ခြင်းကိုရပ်တန့်ထားရမည်ဟု
ဆရာဝန်က မနေ့က ပြောလာသည်။
ထိုသို့ပြောပြောချင်း
ရိပေါ်ပေါ်ပြောလာသော စကားကြောင့်
ကျိုးချန် ရင်နာလွန်း၍
မျက်ရည်တစ်ပေါက်ကျမိသည်။
"ခြေထောက်က လမ်းလျှောက်မရရင်
ရှောင်းဆီကို ငါဘယ်လိုသွားရမလဲ ကျိုးချန်" တဲ့လေ။
အမေပြောဖူးတဲ့
ဘဝဆိုတာလွယ်ကူမနေဘူး
ဆိုတဲ့စကားကကျိုးချန်အတွက်အရင်က
ဟာသတစ်ပုဒ်လိုဖြစ်ခဲ့တယ်။
လှောင်ရယ်ခဲ့မိဖူးတယ်...။
ဒါပေမဲ့အခုတော့မလှောင်ရယ်ရဲသလို
လှောင်ရယ်ဖို့တောင်စဉ်းစားဖို့မဝံ့ရဲပေ။
ဘဝကလွယ်ကူနေခဲ့ရင်တောင်
အဲ့ဒီ့ဘဝထဲကို
အချစ်ဆိုတဲ့အရာကြီးဝင်လာတဲ့အခါ
ကသောင်းကနင်းနဲ့ဖြစ်ပျက်ကာ
ယိုယွင်းပျက်စီးလာလိမ့်မယ်ဆိုတာ
ကျိုးချန်မျက်မြင်ကိုယ်တွေ့လိုဖြစ်လာရတယ်
ကျိုးချန်လည်းချစ်တတ်တဲ့လူသားပေမဲ့
အဲ့ဒီ့အချစ်က,ကဗြောင်းကဗြန်တွေ
ဖြစ်ကုန်မှာစိုးရိမ်လာမိတယ်...။
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
