Zawgyi
အရာရာဟာ
ဒီအကြောင်းကနေပြီး
စမှားတယ်ဆိုရင်တော့
နောက်ကြောင်းပြန်လှည့်ပြီး
ဒီအကြောင်းတွေမရှိအောင်
လုပ်မိမယ်ထင်....
<<<<<<<>>>>>>>
ကျောင်းဆေးခန်းရောက်ပြီး
ခဏအကြာမှာ
ရိပေါ်ကပြန်သတိရလာခဲ့ပြီး
ဆရာကစမ်းသပ်နေတုန်းဖြစ်တယ်
မျက်မှောင်ကြုပ်ခါ
စဉ်းစားနေတဲ့ဆရာဝန်ကြောင့်
လူရှည်ပေမဲ့စိတ်မရှည်တဲ့ကျိုးချန်က
ထအော်တယ်
"ခင်ဗျား။စမ်းသပ်လို့မပြီးတော့ဘူးလား..
ဆရာဝန်မဟုတ်ဘူးလား..ဟမ်"
"ကျိုးချန်!"
"ဟင်း.."
ရိပေါ်ဝင်ဟန့်တော့မှပဲ
စမ်းသပ်ပေးနေတဲ့ဆရာဝန်ကို
မျက်စောင်းထိုးပြီး
ရိပေါ်ကိုကြည့်လာတဲ့ကျိုးချန်
"ကျွန်တော် ဘာဖြစ်တာလဲ ဆရာ။
ရောဂါတွေဘာတွေများရှိလို့လား?"
"အင်း..မင်းကိုဆရာ
အာထရာဆောင်းလေး
နဲနဲဆွဲကြည့်မယ်နော်"
"အော..ဟုတ်ကဲ့"
အချိန်တော်တော်ကြာတဲ့အထိ
ဗိုက်ပေါ်ကလက်မချပဲ
screenကိုစိုက်ကြည့်လိုက်
ကုတင်ပေါ်မှာ
ဗိုက်ကလေးပေါ်ပြီးပက်လက်လှန်ကာ
ဆရာဝန်ကို
ပြူးကြောင်ကြောင်လေးကြည့်နေတဲ့
ရိပေါ်ကိုကြည့်လိုက်နဲ့
ဆရာဝန်ကြောင့်
ကျိုးချန်စိတ်မရှည်စွာထပ်အော်မိတယ်
"ဒီမှာ..ဆရာဝန်။
ခင်ဗျားမသိရင်လည်းဖယ်လိုက်တော့.."
"ကျိုးချန်ရေ..!"
"ဆရာ..
ကျွန်တော်ဘာဖြစ်လို့လဲ ခင်ဗျ"
"လိင်ပြောင်းခွဲစိတ်တာမျိုးလုပ်ဖူးလား။
Transgenderလား"
"ဟင့်အင်း"
ခေါင်းခါပြကာငြင်းလာတဲ့
ရိပေါ်ကြောင့်
ဆရာဝန်ကသက်ပြင်းချပြီး
"ဒိကိုခဏလောက်ကြည့်စေချင်တယ်"
ဆိုကာ Screen ကိုလက်ညိုးထိုးပြတယ်
ရိပေါ်လည်းလှဲနေရာမှ
အနည်းငယ်ကိုယ်ကိုကြွပြီး
လက်နောက်ပြန်ထောက်ကာ
Screen ကိုလှမ်းကြည့်သလို
ကျိုးချန်ကလည်း
ကုတင်ပေါ်လက်ထောက်ပြီး
Screen ကိုကုန်းကြည့်တယ်
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
