Zawgyi
သူ့ချစ်သူဆီကိုသွားဖို့လမ်းစလား?
ဒါမှမဟုတ်...
ပျောက်ဆုံးသွားမဲ့လမ်းစလား?
<<<<<<<>>>>>>>
အတိတ်သို့..... !!!
နယ်မြို့လေးတစ်နေရာ...
ချုံချင်တဲ့။
အဲ့ဒိ့မြို့လေးရဲ့
လမ်းမထက်မှာ
ခြေရာခပ်ကြီးကြီးတစ်စုံက
အထင်းသား..
သေချာကြည့်မယ်ဆို
အဲ့ဒိ့ခြေရာမှာ
ကပ်ညိနေတဲ့
သွေးစတွေကိုမြင်ရမယ်။
ခြေဗလာနဲ့ပြေးလွှားနေတဲ့
ကောင်လေးတစ်ယောက်
ချစ်သူဆီကို
အရောက်သွားရမယ်ဆိုတဲ့
အသိတစ်ခုပဲ
ကိန်းအောင်းနေတဲ့
အသိစိတ်တစ်ခုတည်းနဲ့
အရူးလိုပြေးလွှားနေတယ်
ခြေဖဝါးနုနုထက်
ကွဲရာဟက်တပ်တွေနဲ့
ဒီကောင်လေးက
လူတိုင်းသိထားတဲ့လူချော
ဆိုတဲ့ဂုဏ်ပုဒ်ကို
တမင်ပယ်ဖျက်နေသလား
အောက်မေ့ရအောင်၊
တွေ့ရတဲ့သူတွေ
မနှစ်မျို့နိုင်လောက်အောင်
ညစ်ပတ်ပေရေနေလို့....
ထိုသူကမဲမဲမြင်ရာ
ရမ်းမဲ့လူမျိုးမဟုတ်
သူ့ခေါင်းထဲမှာ
အသည်းပုံနှုတ်ခမ်းလေးက
ကိန်းအောင်းလို့ရယ်
ဦးနှောက်မကောင်းဘူးလား
လို့ထင်နေကြသူတွေ
အတွက်တော့
အမှားကြီးမှားမယ်။
သူဟာ...
အတင်းအကြပ်
စေခိုင်းမှုတွေကြောင့်
လွတ်မြောက်ရာကို
ရှာနေတာ
လှောင်အိမ်ထဲက
ငှက်တစ်ကောင်လိုပဲ....
သူ့ရဲ့ထွက်ပေါက်
ဦးတည်ရာက
ဂုတ်ပေါ်က
သုံးလုံးတန်းနေတဲ့မှဲ့လေးဆီမှာ
ထိုသူရဲ့သေသပ်ပါးလျတဲ့
မှဲ့နက်လေးနဲ့နှုတ်ခမ်းပါးတစ်စုံက
'အချစ်'ဆိုတဲ့စာလုံးနှစ်လုံးကို
အသံသွင်းပြီးဖွင့်ထားသလိုမျိုး
တတွတ်တွတ်ရွှတ်ဆိုမြဲ..
"အချစ်..ကိုယ့်အချစ်..
ကိုယ်မင်းဆီရောက်အောင်လာခဲ့မယ်"
ဒီလိုဝေးကွာရခြင်းရဲ့
အဓိကတရားခံတွေက
ရှောင်းအိမ်တော်..
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
