361--370

206 18 0
                                    

''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၃၆၁) ခေါင်းဆောင်

''ဟိုး... အစ်ကိုလျှို... ကျုပ်က မကောင်းမြင်စိတ်နဲ့ပြောတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဇီလင်မိန်းကလေးလို အထက်မြက်ဆုံးအမျိုးသမီးတစ်ယောက်အနေနဲ့ တခြားလူတစ်ယောက်ကို လက်ထပ်ဖို့အတွက် ဒီစုပေါင်းလက်ထပ်ပွဲမှာ ပါဝင်စရာမလိုပါဘူးဗျာ... ခင်ဗျားတို့နှစ်ယောက်က လိုက်ဖက်ညီတဲ့စုံတွဲဆိုတာ အရှင်းကြီးပဲလေ...''
လျှိုကျစ်ကျွင်းကို မြင်တွေ့လိုက်လျှင် စုန့်ချင်းဖုန်းက မျက်နှာလိုမျက်နှာရပြုံးလျက် ပြောလိုက်သည်။

''အမှန်ပေါ့ဗျာ... ဆိုရိုးကောင်းကောင်းရှိနေတယ်လေ... 'သူစိမ်းတစ်ယောက်ရဲ့ လယ်ကွက်ထဲကို မြေသြဇာကောင်းတဲ့ရေ မစီးစေနဲ့'တဲ့... ကျေးရွာသခင်ချင် ဘယ်လိုတွေးနေလဲဆိုတာ ကျုပ် တကယ်ကိုအံ့သြမိတယ်... သူက ဇီလင်လို မိန်းကလေးတစ်ယောက်ကို တခြားလူတွေနဲ့လက်ထပ်ဖို့ ဘယ်လိုများခွင့်ပြုနိုင်ရတာလဲ...''

''ဟုတ်ပါ့ ဟုတ်ပါ့... ဇီလင်မိန်းကလေးက အစ်ကိုလျှိုနဲ့ပဲ ရှိနေသင့်ပါတယ်...''
တစ်ချိန်တည်း၌ ပိုင်ယွင်ဖေးနှင့် လျှိုရှောင်းယောင်တို့ကလည်း ဘေးမှဝင်၍ သံယောင်လိုက်လိုက်ကြသည်။

''ဟွန်း... ခင်ဗျားတို့ စိတ်ပူပေးစရာမလိုပါဘူး... အဲဒီအစား ကိုယ့်ဘာသာကိုယ်သာ ထိန်းထိန်းသိမ်းသိမ်းနေကြ...''

''မှတ်ထားပါ... ဇီလင်အကြောင်း တစ်ခုခုမကောင်းပြောတာကို ကျုပ်မကြားမိစေနဲ့... ဒီလိုမှမဟုတ်ရင်တော့ ကျုပ်ကို သည်းခံစိတ်မရှိဘူးလို့ အပြစ်မတင်နဲ့...''
သို့သော်ငြားလည်း လျှိုကျစ်ကျွင်းမှာ မြှောက်ပင့်မှုတွင် သာယာမနေပါချေ။ သူက လူသုံးဦးထံ ခက်ထန်စွာ စိုက်ကြည့်၍ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ရေခဲတမျှအေးစက်သော အေးစက်မှုလှိုင်းတစ်ခုနှင့်အတူ လူအုပ်၏ရှေ့ဆုံးသို့ လျှေက်လှမ်းသွားလေတော့သည်။

လျှိုကျစ်ကျွင်း အဝေးသို့ လျှောက်လှမ်းသွားသည့်နောက်တွင် ပြီးခဲ့သည့်အချိန်က ဖော်လံဖားအပြုံးတစ်ခုနှင့် ဖြည့်ဆည်းထားခဲ့သော စုန့်ချင်းဖုန်း၏မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားပြီး သူက ခက်ထန်ကြမ်းကြုတ်စွာဖြင့် ပြောလိုက်သည်။
''ဒါက ဘာအချိုးတဲ့လဲ... အကြီးအကဲတွေ ထွက်သွားတဲ့အထိ နေနှင့်ဦးပေါ့ကွာ... ပြီးမှ တွေ့ကြသေးတာပေါ့...''

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)Tempat cerita menjadi hidup. Temukan sekarang