1341------1350

111 5 0
                                    

အခန်း(၁၃၄၁) မိသားစုရတနာ

ရုတ်တရက် အက်ဂီက အနည်းငယ် စိုးရိမ်သော လေသံဖြင့် မေးလိုက်၏။
''ချူဖုန်း၊ နင်က အဋ္ဌမဓားချက်ကို သုံးတော့မလို့လား''

အကြောင်းမူ မြေကမ္ဘာတားမြစ် အဇဋာဓားချက်ကို အသုံးပြုခြင်းမှာ ပြဿနာ မသေးလှ၍ပင်။ ၎င်း၏ ရုပ်ခန္ဓာကိုယ် လိုအပ်ချက်မှာ အလွန့်အလွန် ကြမ်းတမ်းပေသည်။ ချူဖုန်း၏ လက်ရှိ ကျင့်ကြံမှုနှင့် ခန္ဓာကိုယ်တို့အရ သတ္တမဓားချက်ကို အသုံးပြုခြင်းမှ ဒဏ်ပြန်မှုအချို့ကို ရရှိထားပြီး ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ အဋ္ဌမဓားချက်ကို အသုံးပြုခဲ့လျှင် ကြီးမားသော ဒဏ်ပြန်မှုတစ်ခုကို သေချာပေါက် ရရှိသွားပေလိမ့်မည်။

''တကယ်လို့ အဲဒါကို အပြီးအပိုင် နှိမ်နင်းချင်ရင် ငါ့အနေနဲ့ အဋ္ဌမဓားချက်ကို သုံးမှဖြစ်မယ်''
ချူဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

မြေကမ္ဘာတားမြစ် အဇဋာဓားချက်ထံမှ ဒဏ်ပြန်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်၌ပင် ချူဖုန်းအဖို့ အဋ္ဌမဓားချက်ကို ဆက်လက် ထုတ်လွှတ်ရဦးမည် ဖြစ်၏။ ဝမ်ချန့်ကို နှိမ်နင်းရန်အလို့ငှာ အဋ္ဌမဓားချက်ကို သူ ထုတ်လွှတ်ရပေမည်။

ထို့ကြောင့် ချူဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် သူ့မျက်လုံးများတွင် လျှပ်စီးများ စတင် ပြေးလွှားသွားကြသည်။ သူ့အကြည့်ရှိ အေးစက်မှုက သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ နောက်ဆုံး၌ သူ့ခန္ဓာကိုယ်ရှိ သိုင်းစွမ်းအားများ စတင် ပြောင်းလဲလာပြီး သူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
''အဋ္ဌမ …''

''ရ … ရ … ရပ်လိုက်''

''င … င … ငါ့အရှုံးကို ငါ ဝန်ခံတယ်''
သို့သော် အဋ္ဌမဓားချက်ကို ချူဖုန်း မထုတ်လွှတ်နိုင်မီတွင် ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရသည်။ အသံလာရာသို့ အကြည့်ရွှေ့လိုက်လျှင် ၎င်းမှာ အမှန်ပင် ဝမ်ချန်ဖြစ်နေသည်။

ထိုခဏ၌ ဝမ်ချန်မှာ ဖြူရော်သော မျက်နှာတစ်ခုနှင့် ရှိနေသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလျက် သူ၏ မြေကမ္ဘာတားမြစ် ကျောက်ခရမ်းသားရဲကို ဖယ်ရှားလိုက်ရုံသာ မကဘဲ၊ သူ့လက်တွင်း၌ အလံဖြူတစ်လက်ကိုပင် ကိုင်ဆောင်ထားပြီး အဆက်မပြတ် ဝှေ့ယမ်းပြနေလေသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)Where stories live. Discover now