176 - 180

266 24 0
                                    


''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၇၆) ကြောင်းလမ်းမှု ရှေ့တိုးလာခြင်း

''ဒါက လိမ်ညာပြောစရာလား... မြန်မြန်သွားနားတော့... မင်းက စိတ်ဝိညာဉ်စည်းရဲ့ အခြေခံနည်းလမ်းတွေကို ဆုပ်ကိုင်မိနေပြီဆိုပေမဲ့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေအတွက် အဖြူရောင်ဝတ်ရုံ အရည်အချင်းစစ်ပွဲက ဒီလောက် မရိုးရှင်းလှဘူး... အဲဒါက မင်းကြုံဖူးတဲ့ အရင် အရည်အချင်းစစ်ပွဲတွေနဲ့ လုံးဝကွဲပြားလိမ့်မယ်... မင်းစိတ်ထဲမှာ ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်... ဒါမှ မကြန့်ကြာဘဲ မြန်မြန်အောင်လိမ့်မယ်...''
ကျူးကော်လျှို့ယွင်က ချူဖုန်းဦးခေါင်းထံ တစ်ချက်နှစ်ချက်ထုလိုက်ပြီး ပြောလိုက်သည်။

''ဟီးဟီး... မပူပါနဲ့ ဆရာရယ်... တပည့်အတွက် ဆရာ စိတ်မပျက်စေရပါဘူး... ပြီးတော့ ဆရာမျက်နှာပျက်ရအောင်လည်း မလုပ်ပါဘူး...''
ချူဖုန်းက ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားလေတော့၏။ အက်ဂီအား မည်သို့ကယ်တင်ရမည်ကို သိရှိလိုက်ရပြီးနောက် သူ၏ တင်းကျပ်နေသော နှလုံးသားမှာ ပြေလျော့သွားပြီဖြစ်သည်။

ကျူးကော်လျို့ယွင်၏ တစ်စုံတစ်ရာ သံသယဝင်မှုမှ ရှောင်လွှဲနိုင်ရန်အတွက် ချူဖုန်းက မူလပုတီးစေ့တစ်ရာကို သန့်စင်ခြင်းမပြုခဲ့ပေ။ သူက စောစီးစွာ အိပ်ရာဝင်ခဲ့ပြီး ထိုညတွင် သူ အလွန်ငြိမ်းအေးစွာ အိပ်စက်ခဲ့ရလေသည်။

                    - - - - - - - -

နောက်တစ်နေ့နံနက်တွင် ကောင်းကင်မှာ အနည်းငယ် လင်းစပြုရုံသာ ရှိသေး၏။ စီစဉ်ထားသည့်အတိုင်း ချူဖုန်းက ကျူးကော်လျှို့ယွင်၏ နေအိမ်သို့ သွားလိုက်သည်။ သို့သော်ငြားလည်း နေအိမ်နန်းတော်ရှေ့ရှိ မြေကွက်လပ်တွင် လူများမှာ တောင်လိုပုံနေပြီဖြစ်၏။ ထိုနေရာတွင် အမြောက်အမြားသော တပည့်များနှင့် အကြီးအကဲများ စုရုံးလျက်ရှိနေကြသည်။

လူအုပ်ကြားမှ တိုးဝင်ဖြတ်သန်းခဲ့ပြီးနောက် ချူဖုန်း အံ့အားတသင့်ဖြင့် တွေ့ရှိလိုက်ရသည်ကား ကျူးကော်လျှို့ယွင်မှာ မြေကွက်လပ်အလယ်တွင် ရပ်နေပြီး သူ့နောက်တွင်မူ ကြီးမားလှသည့် ဦးခေါင်းဖြူလင်းယုန်နှစ်ကောင် ရှိနေသည်ကိုပင်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၁)Where stories live. Discover now