"ကိုကိုမှမရှိတော့တာ
keiကkeiက..."

ခွံ့ကျွေးထားတာမို့ပါးစပ်ထဲမှာထမင်းတွေရှိသည်။တုန်ယင်လာပြန်တဲ့ကိုယ်လေးကိုပွတ်သတ်ပေးနေမိသည်။သားကလည်းkeiကိုမော့ကြည့်နေသည်။

"Daddy ငိုနဲ့"

"အင်းပါ Daddyငိုတော့ပါဘူး"

မျက်ရည်များကိုသုတ်ကာပြန်ငြိမ်သွားတဲ့ကောင်လေးကြောင့်ခက်မုန်းစေရာ သားကိုလက်မထောင်ပြလိုက်သည်။တော်သေးတာပေါ့။ရစ်ရစ်ကအရိပ်အကဲလေးနည်းနည်းပါးပါးနားလည်လို့

"kei"

"......"

မော့သာကြည့်ပြီးပြန်မထူးတဲ့keiကိုချေဘင်းညတန်ဂရုဏာသက်မိစွာကြည့်နေမိတော့သည်။ဟိန်းထက်ကိုဘယ်လောက်တောင်ချစ်လိုက်လည်း သူနဲ့ယူထားတဲ့သဘောတူချက်တွေကိုဖြတ်သိမ်းပြီးဟိန်းထက်မျက်နှာတစ်ကမ္ဘာဖြစ်ခဲ့တာမဟုတ်လား

"ငါတို့နဲ့လိုက်နေပါလားkei
တစ်ယောက်ထဲဆို စိတ်မချဘူး"

"ဟင့်အင်း မလိုက်ဘူးလူကြီး
keiကိုကိုခေါင်းချသွားတဲ့ဒီနိုင်ငံမှာဘဲသေတဲ့အထိနေမှာ"

"မဟုတ်သေးဘူးလေkei
ခုက မင်းအဆင်မပြေသေးဘူးလေ
အဆင်ပြေတဲ့အခါကျ နေလို့ရတယ်
ခုဟာက ကျစ်!မင်းစိတ်လိုက်မာန်ပါတစ်ခုခုလုပ်လိုက်မှာဆိုးလို့"

"ကိုကို့အသက်ပေးပြီးကယ်ခဲ့တဲ့keiကိုယ်keiဘာမှမလုပ်ပါဘူး။ကိုကိုနောင်တရအောင်ဘာမှလုပ်မှာမဟုတ်ပါဘူး"

"ဒါပေမယ့် keiရယ် အကိုတို့စိတ်မချဘူး။မင်းအဲ့လိုလုပ်မှာမဟုတ်ဘူးဆိုတာအကိုတို့သိပါတယ်။ဒါပေမယ့်လောလောဆယ်တော့1လ 1လလောက်ဘဲအကိုတို့နဲ့လိုက်နေပါလား။စိတ်ပြေလက်ပျောက်ဖြစ်သွားအောင်ပေါ့"

"Daddy လိုက်လိုက်"

သားကပါနားလည်သလိုဝင်ပြောတော့keiတစ်ယောက်ခေါင်းငြိမ့်ပြလာသည်။ခက်မုန်းစေရာလည်းမောင့်ကိုကြည့်လိုက်ပြီးအခုမှစိတ်သက်သာသွားသလို သက်ပြင်းချမိတော့သည်။

"နည်းနည်းထပ်စားလိုက်အုံး"

"ကိုကို့ကို တစ်ခါလောက်တော့သွားတွေ့ချင်သေးတယ် လူကြီး။သူ့ကိုခဏထားသွားရမှာဆိုတော့အားငယ်​ပြီးဝမ်းနည်းနေမှာဆိုးလို့လေ ဟား"

Villain is Your Husband (season-2)Where stories live. Discover now