"Daddy ထထ"

"အိပ်ချင်သေးတယ် အ့!မကိုက်နဲ့တော့လို့
Daddyနာတယ်"

"ခစ်!အာဘွား ဘွား"

အလုပ်ကိုလိုက်ရမှာမို့ပြုံးပျော်နေတဲ့အသေးလေးကိုကောက်ပွေ့ကာအိပ်ရာကထလိုက်သည်။အရမ်းအရမ်းတတ်လွန်းတဲ့ကလေးရဲ့ရယ်သံလေးတွေကပလုံစီနေသည်။

"ပြန်ကိုက်မယ်ကွာ"

"ခစ်!Daddy ယားယား"

တွန့်လိမ်နေတဲ့ကိုယ်လေးပြုတ်မကျသွားအောင်ဖမ်းထိန်းရင်းဆက်စနေတော့သည်။သားကြီးလိုစကားအများကြီးပြောတဲ့ကလေးတော့မဟုတ်။သူ့ဘာသူလူကြီးတွေကိုအမြဲစိတ်ပူအောင်လုပ်ပြီးဆိုးနေတာ။စကားတော့အပြောနည်းသည်။

"ကဲ အမောင်ချေဘင်းညတန်နဲ့ဧကရာဇ်ညတန်တို့ရေ ရေချိုးပြီးအလုပ်သွားဖို့ပြင်ပါတော့။"

ခက်မုန်းစေရာ သားအဖနှစ်ယောက်လုံးကိုအော်ကာအောက်ထပ်ကိုဆင်းလာလိုက်သည်။ဒီဖအေနဲ့သားအရမ်းလိုက်လွန်းသည်။နှစ်ယောက်ပေါင်းမိသွားရင်အမြဲသူကိုမေ့သွားကြရော။

သားကလည်း သူ့ထက်စာရင်မောင်နဲ့ပိုပြီးခင်တွယ်သည်။ဟိုကအလိုလိုက်အကြိုက်ဆောင်သူလေ။သားလိုချင်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးတော့ရစ်ရစ်တို့အကြိုက်ဖြစ်နေတာပေါ့။

"ဖေ"

"ငါ့သားလေးက ချောလိုက်တာ"

"မောင်လည်းချောပါတယ်Babyရာ"

ကလေးနဲ့အပြိုင်တုပြီးပြောလာတဲ့မောင့်ကိုမျက်စောင်းလေးတစ်ချက်သာဝင့်ပြလိုက်သည်။တဟဲဟဲနဲ့ရယ်ပြလာတဲ့လူကအပြစ်ကင်းသလိုလေးချစ်ဖို့ကောင်းနေပြန်ရော

"CakeCake"

"နောက်နေ့ကစပြီး ရစ်ရစ်Cakeတွေလျော့စားရမယ်နော်"

"no"

ခေါင်းသေးသေးလုံးလုံးလေးကခါရမ်းလာသည်။ဆံပင်သေးသေးကောက်ကောက်လေးကိုစုပြီးသူ့Daddyကချည်ပေးထားတာမို့နဖူးမောက်မောက်လေးကအတိုင်းသား။နီရဲရဲ Cakeကိုအားရပါးရစားနေတာမို့နှုတ်ခမ်းတစ်ဝှိုက်ပေလူးနေသည်။

"ဘာကိုမရတာလည်း
အဟမ်း ဒီကလေးလူဆိုးလား"

"yesyes"

Villain is Your Husband (season-2)Where stories live. Discover now