🌻အခန်း(၃၃)🌻

Start from the beginning
                                    

'ဒီတိုင်း သူငယ်ချင်းမောင်နှမဆက်ဆံရေးပဲလေ မာန်..ဘာဖြစ်လို့ရုတ်တရက်ကြီးမေးတာလဲ...'

မာန် မဲ့ပြုံးတစ်ချက်မသိမသာဖြစ်သွား၏။ ဟိုတစ်နေ့က သူတို့နှစ်ယောက် ကူးလူးပူးယှက်နေတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရသည့်သူမကိုတောင် မှင်သေသေနှင့်ပြန်မေးနေပုံက အကယ်ဒမီရှော့ခ်ပင်။ ဘာမှမဖြစ်ခဲ့သည့်အတိုင်း မျက်နှာပြောင်လွန်းပါပေသည်။

'မာန်နဲ့ကို လက်ထပ်တော့မှာ bae.. မာန် ဒီနေ့ပဲ သူနဲ့လက်ထပ်တော့မယ့်အကြောင်း ဆိုရှယ်မီဒီယာမှာ အသိပေးတော့မှာ.. ဆိုတော့ baeနဲ့ကို ရုပ်ချင်းတူပေမဲ့ မောင်နှမအရင်းမဟုတ်ကြဘူးဆိုတာလည်း အတော်များများက သိကြမှာပဲ.. ဒါကြောင့် လက်ထပ်တော့မယ့်ယောက်ျားတစ်ယောက်နဲ့ ဒီ့ထက်ပိုပြီး closeမဖြစ်သင့်တော့ဘူးလေ.. baeတို့က ဘယ်လောက်ပဲရိုးသားပါတယ်ပြောပြော.. အများအမြင်မှာတော့ သို့လောသို့လော ထင်စရာဖြစ်နေလိမ့်မယ်.. အဲဒီတော့ မာန် publicချပြတဲ့အခါ baeတို့ဆက်ဆံရေးနဲ့ပတ်သက်ပြီး မာန့်ဘက်ကိုလည်း ဝေဖန်မှုတွေရှိလာနိုင်တယ်...'

မာန့်စကား မဆုံးသေးခင်မှာပဲ မာန်ပြောလိုသည့်အကြောင်းအရာကို နေ တပ်အပ်သိလိုက်ပြီဖြစ်၏။
ရင်ထဲမှာ နင့်သည်းသော ဝေဒနာတစ်ရပ်တိုးဝင်လာကာ နေ့မျက်နှာလေး အေးစက်သွားသည်။

'ကိုနဲ့bae သူငယ်ချင်းလို မောင်နှမလို ရင်းနှီးကြရင်တောင်မှ ဒီအချိန်မှာ baeကပဲ အလိုက်တသိရှောင်ပေးပါ ..မာန်နဲ့ဆက်ပြီး ခင်မင်သွားချင်သေးတယ်ဆိုရင်ပေါ့...'

မာန်က စကားကုန်ပြောထွက်ခဲ့ပြီ။ နေ မာန့်ကို ဟန်မပျက်ပြုံးပြရင်း..

'နောက်ဆုံးတော့ မာန်လည်း ကင်းရဲ့exတွေလိုပဲကိုး.. နေ ကင်းနဲ့ပတ်သက်ပြီး သူ့ရည်းစားတွေအကြောင်း ဘာတစ်ခုမှမဝေဖန်ခဲ့ဖူးဘူး.. သူတို့နဲ့လည်း မာန့်လို မရင်းနှီးခဲ့ဘူး... နေက မာန့်ကိုတကယ်ခင်ခဲ့တာပါ၊ နေနဲ့မာန်က သူငယ်ချင်းတွေမို့လို့ ကင်းနဲ့မာန် ဖြစ်သွားခဲ့ရင် ကင်းကိုစိတ်ချလက်ချထည့်ပေးလိုက်နိုင်မှာပဲလို့တွေးပြီး မာန်တို့နှစ်ယောက်ကိုပြေလည်စေချင်ခဲ့တယ်.. ဒါပေမဲ့ မာန် အခုလိုပြောလိုက်တော့ နေ ကြိုတွေးထားပြီးသားဆိုပေမဲ့လည်း နည်းနည်းအံ့သြသွားတယ်.. မာန့်ရဲ့စိတ်ရင်းကို သိလိုက်ရလို့ စိတ်မကောင်းဘူး...'

☀️The Will Of The Heart🌻Where stories live. Discover now