"မဖြစ်နိုင်ပါဘူးမောင်ရယ်
မောင်အထင်လွဲနေတာဖြစ်မယ်"

"Babyခင်ဗျား ဘာသိလို့လည်း
Daddyဆီမှာ အမွေပေးစရာနှစ်ယောက်ရှိတယ်ဆိုပြီး မောင်ကိုတောင်တစ်ကျပ်မှမထုတ်ပေးဘူး။သေချာပေါက် နောက်မိန်းမနဲ့ကလေးရှိလို့နေမှာပေါ့"

"မဖြစ်နိုင်တာ မောင်စုံစမ်းပြီးပြီလား"

"ဦးခက်မုန်းရာကလည်း စုံစမ်းပြီးကျုပ်ကပါခံစားနေရအုံးမှာလား"

တစ်ခုခုတော့လွဲနေပြီး
ဖေဖေမှာ အဲ့လိုကိစ္စမျိုးလုံးဝမရှိတာသူသိသည်။စကားမှားတာလည်းဖြစ်နိုင်သည်။မောင်ပုံကြည့်ရတာလည်းသိပ်ပြီးအခဲမကြေဖြစ်နေမှန်းသိသာနေသည်။လိမ်နေတာတော့မဟုတ်။စကားမှားပြီး မောင်အထနကောက်တာလွဲနေတာထင်သည်။

"မောင် အကြောင်းအရင်းကိုငါမေးမေးပါ့မယ်။မျက်နှာကြီးဆူပုတ်မနေနဲ့လေ။"

အိမ်ရှေ့ရောက်နေတာကိုမျက်နှာကြီးဆူပုတ်နေတဲ့မောင်ကြောင့်ခက်မုန်းစေရာမှာတိုး"တိတ်"ပြောရသည်။ကလေးဖအေကအရမ်းကလေးဆန်လွန်းသည်။

"ဖေဖေ"

"ဟေ"

မျက်မှန်ကိုင်းကိုပင့်တင်ရင်းဖေဖေကမော့ကြည့်သည်။50ကျော်ပြီးဖြစ်တဲ့ဖေဖေကနုသည်။အလုပ်တွေလည်းလုပ်နိုင်တုန်း။

"ဟား ငါ့မြေးလေးလား
လာပါအုံးဖိုးဖိုးဆီ"

မောင်လက်ထဲမှာရှိတဲ့သားကိုဖေဖေကရယ်"မော"နဲ့ခေါ်သည်။ရစ်ရစ်ကလည်းတန်းလိုက်သည်။အဲ့ဒါကိုဖေဖေကသဘောတကျဖြစ်နေသည်။မောင်ကတော့ မျက်နှာကြီးပိုပြီးပုတ်သိုးလာသည်။

"နေပါအုံး Daddyရဲ့နောက်သားတစ်ယောက်ကိုမွေးခိုင်းပြီးချီ။ကျွန်တော်သားကိုမချီနဲ့"

"မောင်"

ဦးညမိုးမြင့်သားငယ်စကားကိုနားမလည်ဘဲဒီတိုင်းကြည့်နေမိသည်။ဒီကောင်ဘာကိုဆိုလိုချင်တာလည်း။သားဆိုလိုသူနဲ့ခန့်မင်းစေတန်ဘဲရှိတာ။ဒီကောင်ဘယ်သူကိုပြောနေတာပါလိမ့်။စဥ်းစားလေ ခေါင်းရှုပ်ရတာမို့ဒဲ့သာမေးလိုက်တော့သည်။

"ဟေ့ကောင် စကားကိုဆင်ခြင်ပြောစမ်း
ငါကဘယ်မိန်းမနဲ့လေဥဥပြီးနောက်ကလေးယူရမှာလည်း။"

Villain is Your Husband (season-2)Where stories live. Discover now