18

538 65 8
                                    

ဆာရာပြောမှ ထယ်ယောင်းအဲ့အချက်ကို
တွေးမိသည်။ဆာရာ့မှာအခုကလေးပါ
ရှိလာပြီမို့ ထယ်ယောင်းလက်ထပ်ရမည်လေ။

"ဟုတ်တာပဲ ကိုမေ့နေခဲ့တာ
တောင်းပန်ပါတယ်ကိုအရေးကြီးဆုံး
အချက်ကိုမှမေ့နေခဲ့တာ'

"မလိုတာအစ်ကိုရ
ဆာရာလည်းမေ့နေခဲ့တာပဲ'

ထယ်ယောင်းဆာရာ့ကိုတစ်ချက်
နမ်းလိုက်သည်။အင်းအခုထိတော့အကုန်
ပြေနေတာပဲ ဂျောင်ကုအတိတ်မေ့နေ
သရွေ့ပေါ့။

ညနေခင်းပိုင်း ထယ်ယောင်းတို့
အထုတ်အနည်းငယ်ယူကာ ဂျောင်ကုအိမ်သို့
ရောက်လာကြသည်။

ထယ်ယောင်းတို့လာတာနဲ့ဂျိုးက
ဆာရာ့အထုတ်တွေကိုယူပေးပြီး
ဆာရာ့အခန်းထိပို့ပေးသည်။
ဂျောင်ကုကထွက်တွေ့လားဆို
မတွေ့ပေ။သူ့အပေါ်ထပ်ခန်းကနေသာ
ခြံထဲ၀င်လာတာကြည့်ပြီး နေနေလိုက်သည်။

"ဂျိုး ဂျောင်ကုကော'

"သူဌေးဂျွန်ကအိပ်နေပါတယ်
ဆာရာ့ဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ပေးဖို့
ကျတော့်ကိုပြောထားတာမို့မပူပါနဲ့'

"အာအဲ့လိုမဟုတ်ပါဘူး
သူနေမကောင်းရင်ပြီးမှသွားကြည့်လိုက်မယ်
ဆာရာ့ကိုသူ့အခန်းပို့ပေးလိုက်ဦးမယ်
အထုတ်တွေထားထားပြီးပြီမို့လား'

"ထားပြီးပါပြီ'

ထယ်ယောင်းဆာရာ့ကိုခေါ်ကာ
အိပ်ခန်းထဲလိုက်ပို့လိုက်သည်။
ဆာရာ့အခန်းက ဂျောင်ကုအခန်းရဲ့
တစ်ခန်းကျော်မှာပင် ထယ်ယောင်းအခန်း
နဲ့ဆိုဘေးကပ်ရပ်ပင်ထားထားပေးတာ
ကြောင့်ထယ်ယောင်းဂျောင်ကုကိုကျေးဇူး
တင်မိသည်။

"ကလေးလေး ဒီမှာနားလိုက်ဦး'

"ရတယ်အစ်ကို
ဆာရာပြေတယ်'

"ခနနေညစာစားကြမယ်
အဲ့ကျမှဂျောင်ကုနဲ့တွေ့တော့ သူအိပ်နေ
တာနေမယ်'

တစ်ကယ်ကဂျွန်ဂျောင်ကုဟာထိုမိန်းမကို
မမြင်ချင်လို့အခန်းတွင်းသာအောင်းနေ
ခဲ့တယ်ဆိုပါလျှင်...။

"ဟုတ်ပြီ ဆာရာရေချိုးလိုက်ဦးမယ်'

ဆာရာနဲ့ပြောပြီး ထယ်ယောင်း
အောက်ထပ်ဆင်းကာအားနေတာနဲ့
ဂျိူးနဲ့တူတူညစာဝိုင်းပြင်ပေးနေလိုက်သည်။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now