16

517 72 9
                                    

ရက်အတော်အတန်ကြာအထိ
ထယ်ယောင်း ဆာရာ့ကိုမဆက်သွယ်မိ။
ဂျောင်ကုနဲ့သာအချိန်ဖြုန်းနေမိသည်။
ဒါပေမယ့်စိတ်ထဲမှာ ဆာရာကကျန်ရှိ
နေပါသေးသည်။မဟုတ်ဘူးရှိကိုရှိတယ်။
ဘာလုပ်လုပ်ဆာရာသာအတွေးထဲပင်။
ဆာရာ့ဘက်ကလည်းသူ့ကိုဖုန်းဆက်မလာပင်။

"ဘာသတင်းရသေးလဲ'

ထယ်ယောင် ဆာရာကိစ္စစုံစမ်ထားတဲ့
သတင်းထောက်နဲ့တွေ့ပြီး ဆာရာ့ကိစ္စ
မေးကြည့်မိသည်။

"ဘာသတင်းမှမရဘူး
သူ့ကိုဘသူမှလည်းသိပ်မသိဘူး'

ထယ်ယောင်းသတင်းထောက်ကို
ဒီသတင်းကိုစုံစမ်းတာရပ်ဖို့ပြောပြီး
ပိုက်ဆံကိုတော့ယူထားဖို့ပြောလိုက်သည်။

ဆာရာ့ကိုစိတ်လည်းပူတာမို့
သွားကြည့်ဖို့ပြင်လိုက်သည်။

"အစ်ကို ဆာရာ့ဆီလာတာလား'

"အင်း အဆင်ပြေရဲ့လား'

"ဆာရာ့ကိုမယုံဘူးလားဟင်
ဆာရာကအစ်ကိုယုံဖို့မကောင်းလို့လား'

"အဲ့လိုမဟုတ်ဘူးဆာရာ
ကိုအခုချိန်မှာဘသူ့ကိုယုံရမလဲမသိဘူး
အဲ့တာကြောင့် ကိုယ့်ကိုအချိန်ပေးပါဦး'

"အင်း ဆာရာ့အချစ်ကစစ်မှန်တာမို့
အစ်ကိုကြိုက်သလိုထိအချိန်ယူပြီးစုံစမ်းပါ
ဆာရာမှားထားတာမရှိလို့ ရဲရဲဝံ့ဝံ့ချစ်နိုင်တယ်'

"အင်းဟုတ်ပါပြီ ကိုပြန်တော့မယ်'

"ဟင် အခုမှလာတာလေ'

"ကိုပြန်မှရမယ် ဒီနေ့ဂျောင်ကုရယ်ဂျိုးရယ်
ကိုယ်ရယ်တူတူ ညစာထွက်စားကြမှာမို့လို့'

"အာ..'

ဆာရာမတားမိ ဂျောင်ကုကိုအခုချိန်
သံသယသိပ်မ၀င်တော့‌မိပေ။

"ကိုသွားပြီနော်'

"ဟုတ်ပြီအစ်ကို ပျော်ခဲ့နော်'

____________________________

"ဂျိူး ဂျောင်ကုကော'

"ပြင်ဆင်နေတယ် ခနနေသွားဖို့ကို'

ထယ်ယောင်းကတော့ဘာမှမပြင်ဆင်တော့
ညစာထွက်စားရုံပဲမို့ပင်။
ဂျောင်ကုကျပြန်လည်းသူကအပြင်ထွက်တာ
မဟုတ်တာကြောင့် ရေလေးဘာလေးတော့
ချိုးပြီးပြင်ဆင်နေတာဖြစ်သင့်ပါတယ်။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now