တစ်ပတ်ကျော်အထိ ထယ်ယောင်းနဲ့ဂျောင်ကု
တို့နဂိုပုံမှန်အတိုင်းပင်။ဂျောင်ကုမေ့နေတာကိုလည်း ထယ်ယောင်းကယုံမြဲယုံသည်။ဂျိူးကတော့ဂျောင်ကုရဲ့ဘန်ကောက််ကိုဆောက်လုပ်ရေးအတွက် သွားနေတာ
သုံးရက်လောက်ရှိနေပြီဖြစ်သည်။ဆာရာဟာလည်းထယ်ယောင်းက
အလုပ်မလုပ်ခိုင်းမှုကြောင့်
သူ့နေရာမှာသာအေးဆေးနေနေရသည်။ထယ်ယောင်းနဲ့ဂျောင်ကုလည်း
ပြေစပြုနေပြီ။အထူးသဖြင့်ဂျောင်ကုကသူ့ကိုမေ့ပြီအထင်နဲ့ထယ်ယောင်းက သူငယ်ချင်းလို
ပေါင်းသည်။"အစ်ကိုထယ်ယောင်းရေ'
ဂျောင်ကုနဲ့ထယ်ယောင်း
ရုပ်ရှင်တူတူကြည့်နေကြတုန်း အိမ်ထဲသို့
၀င်လာတဲ့ဆာရာ့ကြောင့် ဂျောင်ကု
စိတ်တွေတင်းကျပ်ပြီး ဒေါသမီးတွေ
ပွင့်ထွက်လာသလိုပင် မျက်ထောက်နီတွေနဲ့
ဆာရာ့ကိုကြည့်နေမိသည်။"အာ...ဆာရာ လာလေ'
မေ့နေဟန်ဆောင်ထားတာမို့ဂျောင်ကု
စိတ်ကိုထိန်းလိုက်ကာ ထယ်ယောင်းကို
မိတ်ဆက်ပေးဖို့ပြောလိုက်သည်။"ဂျောင်ကု ဒါငါ့ရည်းစား'
"အော်...'
ဘလောက်တောင်ရက်စက်လိုက်လေခြင်းလဲ
ကို့ရည်းစားရှေ့မှာ တခြားမိန်းမကို
ချစ်သူရည်းစားအဖြစ်လာမိတ်ဆက်
ပေးနေခြင်းက။"ဒီကအစ်ကို့ရဲ့သူငယ်ချင်း
ဂျောင်ကုမို့လား တွေ့ရတာ၀မ်းသာပါတယ်
ဂျီဆာရာပါရှင့်'ဂျောင်ကု ဆာရာကိုခပ်တည်တည်သာ
ကြည့်နေမိသည်။ထိုအကြည့်တွေကြောင့်
ဆာရာတစ်ယောက်သိပ်နေလို့မကောင်းပေ။
မေ့နေတယ်ဆိုတာကိုတောင်မယုံချင်သလိုပင်။"ဆာရာ နေ့လည်စာစားသွားလေ'
ဂျောင်ကုဒီမိန်းမနဲ့ထမင်းတစ်ဝိုင်းထဲတော့
မစားနိုင်။ကင်မ်ထယ်ယောင်းဟာလည်း
ရည်းစားနှစ်ယောက်ကို ထမင်းတစ်ဝိုင်းထဲ
ထိုင်စားခိုင်းဖို့ဘယ်လိုအတွေးနဲ့တွေးနေတာလဲ
ဂျောင်ကုအတွက်တော့ လုံးလုံးလက်မခံနိုင်စရာပင်။"ထယ်ယောင်း ငါခေါင်းနောက်နေလို့
မစားသေးဘူးလေ မင်းရည်းစားကို
သေချာခေါ်ကျွေးလိုက်'