10

562 78 11
                                    

ထယ်ယောင်းထွက်ပြေးဖို့လုပ်နေတုန်း
အခန်းထဲ၀င်လာတဲ့ဂျိုးကြောင့် လန့်သွားသည်။

"ဂျိုး..?'

"သူဌေးကင်မ် ဘာတွေလုပ်လိုက်တာလဲ!'

"တောင်း..တောင်းပန်ပါတယ်
ငါစိတ်လွတ်သွားတယ်'

ဂျိုးတစ်ယောက် သူဌေးဂျွန်ဆီက
ရတဲ့မက်ဆေ့ခ်ျအရ ချိန်းထားတဲ့ဟိုတယ်ကို
ရောက်လာတော့ အခန်းထဲမှာခေါင်းကနေ
သွေးတွေစီးကျနေတဲ့သူဌေးဂျွန်နဲ့ ထိတ်လန့်
နေတဲ့သူဌေးကင်မ်ကိုတွေ့လိုက်ရတော့လေသည်။

"သူဌေးကင်မ် စိတ်ကိုငြိမ်ငြိမ်ထားပါ'

ထယ်ယောင်း ကိုယ့်ကိုကိုယ် ရူးပြီလို့တောင်
ထင်နေမိသည်။ သူဂျောင်ကုကိုအနာတရ
ဖြစ်ဖို့လုပ်မိခဲ့တာတဲ့လား ?။ထွက်ပြေးမလို့
ထိပါကြံမိသွားသေးသည်။ တော်သေးသည်
ဂျိုးလာမှ ထယ်ယောင်းအသိစိတ်ကပ်သည်။

"သူဌေးကင်မ် လူနာတင်ယာဉ်ခေါ်ပါ'

ထယ်ယောင်းမြန်မြန်ပင်
လူနာတင်ယာဉ်ခေါ်ရတော့သည်။

"လူနာက အဆင်ပြေလောက်ပါတယ်'

"အ့ ငါ့ခေါင်း'

ဆရာ၀န်စစ်နေတုန်း သတိရလာတဲ့
ဂျောင်ကုကြောင့် ဂျိုးကောထယ်ယောင်းကာ
ဂျောင်ကုနားကပ်ကာ အဆင်ပြေလား
မေးနေမိတော့သည်။

"ဂျိူး သူကဘယ်သူလဲ ?'

ဂျောင်ကုက ဂျိုးကိုသတိရ‌ပြီး
ထယ်ယောင်းကိုဘယ်သူလဲမေးနေတာကြောင့်
ထယ်ယောင်းအံ့ဩနေမိသည်။

"ခနအပြင်ထွက်ပေးကြပါ
ကျတော်လူနာကိုစစ်ကြည့်ချင်တယ်'

ဆရာ၀န်ရဲ့စကားကြောင့် ထယ်ယောင်းနဲ့
ဂျိုး အပြင်သို့ထွက်လာကြသည်။

ဂျိုးတစ်ယောက်ကတော့ ထယ်ယောင်းကို
ဘာမှမပြောမိ သက်ပြင်းတွေသာအခါခါ
ချမိလေတော့သည်။

ခနအကြာ ဆရာ၀န်က
ထယ်ယောင်းတို့ဆီထွက်လာရင်း
ဖြစ်ပုံအဆင့်ဆင့်ကိုပြောတော့သည်။

"လူနာက စိတ်စွဲနေတာတွေကို
ရှော့ရပြီး မေ့သွားတာပါ မေးကြည့်ရ
သလောက်သူက သူ့အလုပ်အကိုင်တွေကို
လည်းမှတ်မိပြီး ဒီကဂျိုးဆိုတဲ့လူငယ်‌လေးကိုပါမှတ်မိပြီး ထယ်ယောင်းတစ်ယောက်
ထဲကိုပဲကွက်မေ့သွားတယ်ထင်ပါတယ်'

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now