17

554 70 16
                                    

"သူဌေး စိတ်ကိုထိန်းပါ'

ဂျိူးတစ်ယောက် အိမ်မှာပစ္စည်းတွေအကုန်
ရိုက်ခွဲနေတဲ့‌သူဌေးဂျွန်ကြောင့်
ဘာလုပ်လို့လုပ်ရမှန်းမသိ တားလည်းမရ
သူဌေးဂျွန်စိတ်ဖောက်နေပြီဆိုတာသိသာသည်။
မျက်၀န်းတွေကရဲတောက်နေပြီးလူသတ်ချင်တဲ့
အရိပ်အယောင်တွေရှိနေသည်ကိုမြင်ရသည်။

"ဂျိုး!အဲ့မိန်းမမှာထယ်ယောင်းနဲ့ရတဲ့
ကိုယ်၀န်ရှိလာပြီတဲ့လေ ထယ်‌ယောင်း..
ထယ်ယောင်းကအဲ့မိန်းမဘက်ပြန်ပါသွားပြီ'

စားသောက်ဆိုင်မှာညစာစားနေကြရင်း
ဆာရာ့ဆီကကိုယ်၀န်ဆိုတဲ့ဖုန်းဝင်လာတာကြောင့်ထယ်ယောင်းဂျောငိကုကိုပြောပြီး
အပြေးပြန်သွားသည်။ကျန်ခဲ့တဲ့ဂျောင်ကုက
စိတ်တိုစွာဂျိုးကိုအိမ်လာဖို့ဖုန်းဆက်ပြီး
သူပါအိမ်ပြန်လာခဲ့သည်။

ဂျိုးတစ်ယောက်ဒီလိုဆိုဘယ်လိုဆက်လုပ်ရမလဲ
မသိတော့ပေ။ဂျီဆာရာဆိုတဲ့မိန်းမကို
ဒီလိုဆိုရှင်းထုတ်ဖို့ကပိုခက်ခဲလာပြီ။

"ငါအဲ့မိန်းမကိုသတ်ပစ်ရတော့မယ်ထင်တယ်'

ကြမ်းပြင်ကွဲနေတဲ့ဖန်ပုလင်းတွေကိုကြည့်ပြီး
ဂျောင်ကုကပြောသည်။

"အဲ့လိုသတ်ပစ်လိုက်ရင်အကုန်ပြေပြီ
မို့လား အဲ့တာဆို ထယ်ယောင်းကငါ့ဆီ
ပြန်လာမှာလေ'

ဂျိုးဘာမှမပြောမိ
သူဌေးစိတ်ငြိမ်ဖို့ကိုသာဦးစားပေးတာကြောင့်
စိတ်ငြိမ်ငြိမ်ထားဖို့ပြောပြီး...။

"သူဌေးကင်မ်ကပြန်အိပ်မှာတဲ့လားဒီည'

"ပြန်မအိပ်ဘူး ဟိုမိန်းမကိုယ်၀န်ရှိသွားပြီ
ဆိုတာနဲ့အဲ့မှာပဲဒီညအိပ်မယ်ဆိုပြီး
ပြောသွားတာ'

"ဒါဆို သူဌေးသွားနားပါတော့
ထပ်ပြီးမေ့နေဟန်ဆောင်နေပါဦး'

"ဒါပေမယ့်...'

"ကျတော်ပြောတာနားထောင်ပေးပါ
ထပ်ပြီးဟန်ဆောင်နေပါဦး'

ဂျိူးပြောစကားကြောင့်ဂျောင်ကု
စိတ်ကိုလျှော့ကာ အပေါ်ထပ်တက်သွားသည်။
ကျန်ခဲ့တဲ့အပိုင်းအစအကွဲတွေကို
ဂျိုး သိမ်းဆည်းလိုက်သည်။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now