6

559 85 10
                                    

"ဂျိုး'

"ပြောလေ သူဌေး'

နေ့လယ်ပိုင်း ဂျိုးတစ်ယောက်
သူဌေးကင်မ်ကပျင်းလို့အိမ်မှာသူနဲ့လာနေပေးဖို့
ခေါ်တာကြောင့် လာနေပးနေခြင်း။
တော်သေးသည် ဒီနေ့ဟိုကောင်မလေးဆီ
သူဌေးထပ်မသွားလို့ပေ။

"ငါလေ ဒီအလုပ်ကြီးကိုမလုပ်ချင်တော့ဘူး'

"ဘာလို့လဲ ?'

"ဒီလိုပဲ မကောင်းဘူးထင်လို့'

"သူဌေးကအရင်ကဒါမျိုးဘယ်တုန်းက
တွေးဖူးလို့လဲ '

"လူဆိုတာပြောင်းလဲနိုင်တာပဲလေကွ
ငါမလုပ်ချင်တော့လို့်မလုပ်ချင်ဘူးပြောတာ'

"ဟိုကောင်မလေးသိတာလား
သူဌေးကဒီအလုပ်လုပ်နေတာကို'

ဂျိုးကထယ်ယောင်းအကြောင်းကို
တော်ရုံမှန်းနိုင်သည်။

"အင်းသိတယ်'

"ဆိုတော့သူကပြောလို့ သူဌေးက
မလုပ်ချင်တော့တာလား'

"မင်း! ဂျိုး မင်းကတစ်ကယ်
ငါ့အကြောင်းဆိုသိနေတာပဲ'

ဂျိုးခပ်ပြုံးပြုံးသာလုပ်လိုက်သည်။
ကောင်းတဲ့ပြုံးခြင်းတော့မဟုတ်ဘူး
ဒီပုံအတိုင်းဆို ဆာရာဆိုတဲ့ကောင်မလေးကို
ဂျိုးတစ်ခုခုလုပ်ဖို့လိုအပ်နေပြီလေ။

"ဂျိုး မင်းဘယ်လိုထင်လဲ
ရပ်လိုက်သင့်လား ?'

ဂျိုးအကြံတစ်ခုရသွားသည်။

"အင်းရပ်လိုက်ပေါ့သူဌေး
သူဌေးဂျွန်နဲ့တိုင်ပင်ကြည့်ပါဦး'

"အင်း ဟုတ်ပြီ
ငါဆာရာ့ဆီသွားဦးမယ်'

"ကျတော်ပါလိုက်ခဲ့မယ်'

"နေခဲ့စမ်းပါ'

သူဌေးဆိုတော့လည်းဂျိုးမှာ
ဘာမှမပြောနိုင် သူ့အိမ်သာပြန်သွားတော့သည်။

"ဆာရာ ?'

ထုံးစံအတိုင်း တိုက်ခန်းကနေဆာရာ့အသံလည်း
မကြားတံခါးလည်းလာမဖွင့်ပေးတာကြောင့်
သူ့သော့နဲ့ပဲ၀င်ဖွင့်သွားတော့ ဧည့်ခန်းထဲ
မရှိတာကြောင့် အိပ်ခန်းဖွင့်ဖွင့်ချင်း
ရေချိုးခန်းကနေ အ၀တ်တစ်ခုသာပတ်ပြီး
ထွက်လာတဲ့ဆာရာကြောင့်ထယ်ယောင်း
လန့်သွားသည်။ဆာရာလည်း ထယ်ယောင်းကို
မြင်မြင်ချင်းအလောတကြီးထွက်လိုက်တာ
ထယ်ယောင်းနားအရောက်ချော်လဲမလိုဖြစ်လေ
တော့ ထယ်ယောင်းမှာ၀င်ဖမ်းလိုက်ရလေသည်။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now