15

567 73 7
                                    

"ဂျောင်ကု ချက်ချင်းကြီးပြန်ကြမှာလား'

နောက်တစ်နေ့ ဂျောင်ကုကချက်ချင်းကြီး
ပြန်မယ်ဆိုတာကြောင့်ထယ်ယောင်း
ကြောင်တောင်ကြောင်သွားသည်။
ဒီမှာအလုပ်တွေရှိသေးသည်မဟုတ်ပါလား။

"အာ ငါပြန်လာတော့ကြားလိုက်တာ
မင်းရည်းစားတစ်ခုခုဖြစ်လို့ထင်တယ်
ငါ့ကြောင့်နဲ့ရန်မဖြစ်စေချင်ဘူးလေ'

ထယ်ယောင်း သူ့ကိုမရိပ်မိလေအောင်
ဂျောင်ကုတမင်တွေးပေးတဲ့ပုံဟန်ဆောင်
ခြင်းပင်။ဒီလိုဆိုထယ်ယောင်းက
သူလုပ်တာဆိုပြီးသံသယ၀င်နေ
တော့မှာမဟုတ်ဘူးမဟုတ်လား...။

"ကျေးဇူးပါပဲ ဂျောင်ကု'

ဒီလိုနဲ့ထယ်ယောင်းတို့
ချက်ချင်းပင် Korea ကိုပြန်လာကြသည်။

ထယ်ယောင်းစိတ်ထဲဂျောင်ကုကို
တော်တော်ကျေးဇူးတင်မိနေပြီး။အစက၀င်မလို
ဖြစ်နေတဲ့သံသယတွေဟာလုံးလုံးရှင်းသွား
သည်။အရင်ကဂျောင်ကုဆိုဒီလိုလုံး၀
လုပ်ပေးမှာမဟုတ်၊အခုသူငယ်ချင်းလို
ဂျောင်ကုကအရမ်းပေါင်းလို့ကောင်းသည်လေ။

ရောက်ရောက်ချင်းပင် ထယ်ယောင်း
ဆာရာ့ဆီအပြေးသွားမိသည်။

"ဆာရာ!ကလေးလေး'

ထယ်ယောင်း ဆာရာ့ကိုပြေးဖက်လိုက်သည်။

"အစ်ကို ပြန်လာတယ်နော်
ပြန်မလာဘူးထင်နေတာ'

"ဂျောင်ကုကကိုမင်းကိုဂရုစိုက်ရအောင်
ဆိုပြီးဒီကိုစောစောပြန်လာဖို့
သူစီစဉ်ပေးတာ'

"ဂျောင်ကုက ?'

"အင်းဟုတ်တယ်'

ဆာရာ့အတွေးထဲပိုလို့ရှုပ်သွားရသည်။
အဲ့ခြိမ်းခြောက်မှုတွေကသေချာပေါက်
ဂျောင်ကုလုပ်တာကိုသိနေသည်လေ။
နာမည်ကောင်း၀င်ယူတာ ??။

"ဂျောင်ကုလုပ်တာမဟုတ်ဘူးလို့
ကိုပြောတယ်မို့လား'

ထယ်ယောင်းကဆာရာ့ကိုဖက်ထားရင်း
ပြောသည်။

"အင်းဟုတ်ပါတယ် ကျွန်မအထင်လွဲနေတာပဲ
နေပါမယ်'

ဒီလိုကျပြန်လည်းဆာရာ ဂျောင်ကုကို
ကျေးဇူးတင်မိပြန်သည်။ဂျောင်ကုကအစ်ကို
ထယ်ယောင်းရဲ့ရည်းစားဖြစ်ဖူးတာမို့
သံသယအ၀င်လွန်နေတာပဲနေပါလိမ့်မယ်ဆိုပြီး
ဖြည့်တွေးလိုက်သည်။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now