ဆာရာမသိသည်က ဂျွန်ဂျောင်ကုကထင်တာထက် ကြောက်ဖို့ကောင်းတယ်ဆိုတာကိုပင်။
"အာအင်းဟုတ်ပြီ လာခဲ့မယ်'
ဆာရာအတွေးလွန်နေတာနဲ့ ထယ်ယောင်းတို့
ဖုန်းပြောတာတွေမကြားမိလိုက်။"ကလေးလေး ကိုပြန်တော့မယ်
အလုပ်ကိစ္စအရေးပေါ်မို့ ဒီနေ့ညနေပဲ
ချက်ချင်းသွားရမယ်တဲ့ '"ဒါဆိုလိုအပ်တာတွေထည့်ရဦးမှာပေါ့
ဆာရာလိုက်ခဲ့မယ်လေ'"အာရတယ် ကို့ဘာသာပဲထည့်လိုက်ပါ့မယ်
ဂရုစိုက်ရမယ်နော် ကြားလား
ကိုမြန်မြန်ပြန်လာပါ့မယ် မွချစ်တယ်'မှာစရာရှိတာတွေမှာပြီး
ထွက်သွားတဲ့ထယ်ယောင်းကျောပြင်လေးကို
ဆာရာပြုံးပြီးကြည့်နေမိသည်။________________________________
နှစ်ရက်အကြာ ဂျောင်ကုနဲ့ထယ်ယောင်းတို့
ဘန်ကောက်မှာပင်။ထယ်ယောင်းက
ဘယ်မှလည်းမလည် ဂျောင်ကု
ဆောက်လုပ်ရေးဆီသွားရင်တစ်ခါတစ်လေ
လိုက်သွားသည်။မဟုတ်ရင် ဟိုတယ်မှာသာ
နေခဲ့သည်။"ထယ်ယောင်းလိုက်မှာလား'
"ဖုန်းအားကုန်နေတယ် နေခဲ့ရင်ကောင်းမလား'
"ပြန်လာမှသွင်းပေါ့'
ဂျောင်ကုအပြောကိုထယ်ယောင်း
ခေါင်းငြိမ့်ကာ လိုက်လာလိုက်သည်။"ထယ်ယောင်း အဲ့ဘက်မှာအုတ်ပုံရှိတယ်
ထိခိုက်မိတယ် ဂျိုးနားမှာပဲနေနေ'"အင်းအင်း'
ဂျောင်ကုပြောသလိုပင် ဂျိူးနဲ့သွားနေနေလိုက်သည်။
"ဒီလိုကျတော့လည်း ဂျောင်ကုက
ငါနဲ့ရည်းစားတုန်းကလိုပဲနော်'ထယ်ယောင်းကဂျောင်ကုပုံစံကိုကြည့်ရင်း
တွေးစစပြောတော့ဂျိုးကခေါင်းတငြိမ့်ငြိမ့်
နဲ့ပင်။တစ်ဖက်မှာ ဆာရာကတော့
တော်တော်ကိုစိတ်ဒုက္ခရောက်နေပြီ။
ဒီနေ့မနက်ပင် သူ့အိမ်ရှေ့တံခါး၀တွင်
ဓားမျိုးစုံပါတဲ့သွေးလိုအနီရောင်တွေ
သုတ်ထားသောခြင်းတစ်ခြင်းက
ရောက်နေလေသည်။ထိုခြင်းတောင်းရဲ့စာမှာလည်း။
'ကြိုက်နှစ်သက်ရာဓားကိုရွေးထား
မင်းလည်ပင်းမှာမကြာခင်စိုက်တော့မှာ'