အိပ်ယာပေါ်ဝင်လှဲပြီးစိတ်တိုင်းကျရင်ခွင်ထဲသွင်းကာသူပါရောအိပ်လိုက်သည်။keiတို့ကိုတော့မောင်ဘဲလိုက်ပို့သည်။Daxတို့အဖွဲ့လည်းရစ်ရစ်အိပ်သွားတာမို့ကိုယ့်အိမ်ကိုယ်ပြန်လာကြတော့သည်။ခက်မုန်းစေရာ နွေးတေးတေးဖြစ်နေတဲ့အကောက်ပေါက်လေးကြောင့် အိပ်လို့မပျော်။သားအိပ်ရေးဝစေရန်အတွက်မလှုပ်ဘဲငြိမ်ငြိမ်လေးသူ့သဘောကျနေပေးလိုက်သည်။

"Baby"

"ရှူး!သားအိပ်နေတယ်"

"ဘာစားချင်လည်း
မောင်ချက်ပေးမယ်"

မောင့်စကားကြောင့်ခက်မုန်းစေရာ အလန့်တကြားကြည့်မိသည်။သားကဒုက္ခပေးလိုက်ဖအေကဒုက္ခပေးလိုက်ဆိုရင်တကယ်ရူးဖို့ဘဲကျန်တော့သည်။ငချွဲပိစိလေးကတစ်နေ့ကုန်ဂျီကျအုံးမှာ။

သူ့မီးဖိုချောင်ကိုတော့မီးလောင်တိုက်မသွင်းနိုင်။ပြန်လည်းမရှင်းနိုင်သေး။ဒီနေ့တော့ဟိုဘက်အိမ်မှာသွားစားဖို့ စဥ်းစားနေတာ။

"ငါဘာမှစားချင်စိတ်မရှိပါဘူးမောင်
ဟိုဘက်အိမ်မှာဘဲသွားစားရအောင်"

"Babyပါနေမကောင်းဖြစ်နေတာလား"

နဖူးပေါ်ရောက်လာတဲ့မောင်လက်တွေက
သူ့နဖူးကိုတစ်လှည့်ကိုယ်နဖူးကိုတစ်လှည့်ပြန်စမ်းနေတဲ့မောင်ကိုဘာမှဆက်မပြောနိုင်

"ကိုယ်လည်းမပူပါဘူး
ဘယ်နားနေလို့မကောင်းလို့လည်း ဟင်
မောင်ကိုပြောလေ"

"ကောင်းပါတယ်မောင်ရယ်
ပြီးတော့မောင်လည်းပင်ပန်းတယ်
ငါတို့နဲ့လာအိပ်"

ခက်မုန်းစေရာပြောတော့မောင်ကစဥ်းစားသလိုတစ်ချက်ဖြစ်သွားသည်။အဓိကကသူ့မီးဖိုချောင်လေးဘာမှမဖြစ်ဖို့ဘဲ

"မောင် Babyအတွက်ဟင်းချက်ပေးအုံးမယ်"

"မောင်မချက်တတ်ဘူးလေ"

"Baby ခင်ဗျား မောင့်ကိုမယုံတာလား"

မျက်ခုံးနှစ်ဖက်ကိုစုကျုံ့ပြီခုမှသဘောပေါက်သွားဟန်ပြောလာသည်။ခက်မုန်းစေရာပြာပြာသလဲမျက်နှာမျိုးနဲ့သာငြင်းဆန်လိုက်သည်။နောက်ဆုံးစိတ်လျော့လိုက်တော့သည်။

Villain is Your Husband (season-2)Donde viven las historias. Descúbrelo ahora