ဂျိုးတစ်ယောက်ဖုန်းထဲကနေ သူဌေးကင်မ်နဲ့
သူဌေးဂျွန်တို့တွဲရိုက်ထားတဲ့ပုံတွေဆာရာကို
ပြလိုက်တော့မှ ဆာရာတစ်ယောက်ယုံသွားကာ
ဂျိူးကိုကြည့်ရင်း။

"အင်း ကျွန်မဒီကနေဆင်းပါ့မယ်'

ဂျိုးပေးတဲ့ဘဏ်ကဒ်ကိုယူကာ
ဆာရာတစ်ယောက် တိုက်ခန်းပေါ်ကနေ
ဆငိးလာခဲ့သည်။

ရင်ထဲမှာလည်းတော်တော်ကိုယူကျုံးမရ
ဖြစ်နေသည်။အစ်ကိုထယ်ယောင်းကိုသူ
မချစ်မိလိုက်သင့်တာ ကျေးဇူးရှင်ဖြစ်တာမို့
အစ်ကိုဂျိုးပြောသလို တစ်ကယ်ကိုကျေးဇူး
ကန်းသလိုဖြစ်သွားတာပဲ။

တစ်ပတ်အကြာထိထယ်ယောင်း
ဂျောင်ကုနဲ့ပဲနေနေရသည် အပြင်ထွက်လည်း
ဂျောင်ကုကလိုက်သည်။ အလုပ်ကိစ္စတွေကိုတော့
မလုပ်ချင်တာကြောင့် နားလိုက်ပြီဟုဂျောင်ကုကို
ပြောထားတော့ ဂျောင်ကုကနားလည်ပေးသည်။
ထယ်ယောင်းစိတ်ပူနေတာဆာရာ့ကိုပင်။
ဒီနေ့တော့ရအောင်လစ်ထွက်မည်ဟုတေးထားသည်။

"ဆာရာ ?'

ထယ်ယောင်းတစ်ယောက် ဂျောင်ကုနေ့လည်
အိပ်နေတုန်း တိုက်ခန်းကိုထွက်လာလေတော့
တိုက်ခန်းသော့ကအပြင်ကခတ်ထားပြီး
ထယ်ယောင်း၀င်ကြည့်မိတော့ တိုက်ခန်းက
ရှင်းလင်းနေသည် အခန်းအကုန်ရှာပြန်တော့
လည်းဆာရာ့ကိုမတွေ့တာကြောင့် ဂျိုးရဲ့အိမ်သို့
ထယ်ယောင်းရောက်လာခဲ့သည်။

"သူဌေး ? ဘာများဖြစ်လို့ပါလဲ
ကျတော့်ကိုခေါ်လိုက်တာမဟုတ်..'

"ဆာရာဘယ်မှာလဲ'

ဂျိုးတစ်ယောက်တိတ်ဆိတ်သွာသည်။

"ဂျိုး! ဆာရာဘယ်မှာလဲလို့'

"သူဆင်းသွားပြီ'

"ဘာ!'

"သူဌေးကောင်းဖို့လုပ်လိုက်ရတာပါ
ကျတော့်ကိုထိုးချင်လည်းထိုးပါ'

"ဘာလို့လုပ်လိုက်တာလဲ ဂျိုး!'

"သူဌေးဂျွန်ဘက်ကိုဘာလို့မကြည့်ရတာလဲ
သူဌေးဂျွန်က သူဌေးကိုဘယ်လောက်တောင်
ချစ်လိုက်လဲ'

"ငါမသိဘူး သိလည်းမသိချင်ဘူးဂျိူး!
ငါဆာရာ့ကိုပဲလိုချင်တယ်'

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now