ဟုတ်ပါသည်.. မှိုင်းဆိုသည့်အဆိုပါလူပုဂ္ဂိုလ်ချောကြီးက တာရာ့နှလုံးသားတစ်ခုလုံးရဲ့ နတ်ဘုရားဖြစ်မည်။ တာရာ့ဘဝကိုပဲ့ကိုင်နေသော နတ်ဘုရားပင်ဖြစ်လေ၏။

ဘယ်လိုမှထင်မှတ်မထားသည့်အခိုက်အတန့်၌ မှိုင်းကိုမြင်တွေ့လိုက်ရသည့်အတွက် တာရာဟာ အံ့ဩမှင်သက်ရင်း ကြောင်ငေးကာကြည့်နေမိ၏။ ဘယ်လောက်တောင် ငေးကြည့်ပြီး ကျောက်ရုပ်လိုရပ်နေမိခဲ့သည်လဲ။ ဒီနှလုံးသားဟာ တလှပ်လှပ်ခုန်လှုပ်ရင်း အသိစိတ်တွေ လွတ်ကင်းသွားရသည်အထိပါ။

နောက်ဆုံးပေါ်ကားပေါ်မှဆင်းလာသလို နိုင်ငံခြားရုပ်ရှင်မင်းသားတစ်ပါးအလားချောမောခန့်ညားနေသောမှိုင်းကို ငေးခနဲ့ကြည့်နေသည်မှာ တာရာတစ်ယောက်တည်းတော့ မဟုတ်ပါ။ နေရိုးတို့အဖွဲ့လည်းပါနေသည်။ ၎င်းတို့က ယောင်္ကျားချင်းပင် ငေးရသည်အထိ အရှိန်အဝါပြင်းပြင်းနှင့်ခန့်ညားနေသည့်မှိုင်းကို သတိလက်လွတ်ကြည့်နေပြီးမှ သတိဝင်လာကာ

"ဘယ်သူလဲ..."

နေရိုးက ဟန်ကိုယ်ပြင်လျက် မေးလိုက်သည်။ မှိုင်းကလက်ထဲရှိစီးကရက်ကိုအရင်ခဲလိုက်၏။ နေရိုးအမေးကိုဂရုမစိုက်ဘဲ စီးကရက်ကိုသာ တစ်ချက်ရူရိူက်လိုက်ပြီးမှ..

"တာရာနဲ့ ဘာကိစ္စရှိနေကြသလဲ.."

မှိုင်း၏အသံကဩဇာအာဏာအပြည့်နှင့် တည်တင်းနေသည်။ အသံကြားရုံနှင့်ပင် တော်ရုံလူခွေခေါက်သွားနိုင်သည့်ပါဝါမျိုး။

"ကျွန်တော်တို့က သူငယ်ချင်းတွေ.."

"ဆိုတော့.."

စီးကရက်ကိုခဲလျက်နှင့် ခပ်စူးစူးကြည့်ပြီး ဂရုမစိုက်စွာထောက်ပြလိုက်ဟန်က ဘယ်လောက်တောင် ကြည့်ကောင်းနေသည်လဲ။

"ခင်ဗျားကရောဘယ်သူလဲ.."

"ငါဘယ်သူလဲဆိုတာ မင်းတို့လို နို့နံ့တောင် မစင်သေးတဲ့ချာတိတ်တွေကို ပြောဖို့လိုလား.."

"ဘာဗျ.. ခင်ဗျား.."

"ရပ်ကွက်ထဲ လူမိုက်လုပ်တမ်းကစားနေကြသလား ဒါမှမဟုတ်တကယ်လူမိုက်လုပ်ချင်လား.."

မှိုင်းက စီးကရက်ကိုဖွာရိူက်ပြီး အေးတိအေးစက်ပင် မေးလာသည်။ နေရိုးတို့က လေးယောက်ရှိသော်လည်း မှိုင်းကိုတော့ သွေးတိုးစမ်းရဲပုံမပေါ်။ မှိုင်းအသွင်အပြင်က အထာကျရုံသက်သက်သာရှိသောဘဲကြီးပုံစံမဟုတ်မှန်း ရိပ်စားမိပုံရသည်။

🖤Until the End of Time 🖤 Where stories live. Discover now