"ခက်မုန်း ဘာတွေစားထားသေးလည်း"

"ငါအစားအသောက်ဆင်ခြင်ပါတယ်
ငါ့နို့တိုက်တာမဟုတ်ပေမယ့်"

အန်ယိမ်းရဲ့အမေးကိုခက်မုန်းစေရာခပ်သွက်သွက်လေးဖြေပေးလိုက်သည်။တကယ်လည်းသူအစားအသောက်ဆင်ခြင်သည်။

ရစ်ရစ်ကဒီနေ့ငိုပြီးနောက်နေ့ဖျားတတ်တဲ့ကလေးမို့အားလုံးကဂရုတစိုက်နဲ့ရှိကြသည်။6လသားလေးနဲ့ခဏခဏဖျားတာကြောင့်သူတို့မှာပိုးသားလေးလိုပိုဂရုစိုက်ရသည်။

"အူးဝါး!ဗြဲ"

"တိတ်ပါ သားရယ်"

Dလက်ထဲရောက်သွားတဲ့ကလေးကပိုတိုး၍ပင်ငိုလာသည်။အကုန်လုံးလည်းခေါင်းတွေကုတ်နေကြသည်။ကလေးကိုချော့ကာအခန်းပတ်ပတ်လည်လမ်းသာလျှောက်နေရသည်။Doctorလာမယ့်အချိန်ကိုစောင့်ရင်း

"ကလေးမှာအတွင်းပိုင်းနဲ့ပက်သက်ပြီးအားလုံးကောင်းပါတယ်။တစ်ခုခုကိုအလိုမကျလို့ငိုတာဘဲဖြစ်မှာပါသိပ်စိတ်မပူပါနဲ့"

"စိတ်မပူလို့ရမလား
ဒီလောက်တက်မတက်ငိုနေတာကို"

ခပ်ရဲရဲနဲ့ပြောလာတဲ့ရစ်ရစ်Daddyကိုအားလုံးဝင်ဆွဲရသည်။အသံသာမာထန်နေပြီးကြမ်းတမ်းနေတာ၊မျက်လုံးတွေကတော့ မောပြီးအိပ်သွားတဲ့ရစ်ရစ်ထံမှာ

"ကျွန်တော် ပြန်ပါတော့မယ်
မနက်ဖြန်အတွက် ဆေးထားခဲ့ပေးပါ့မယ်"

ရစ်ရစ်အကြောင်းကိုသိနေတဲ့Family Doctorကဆေးပါတစ်ခါထဲပေးသွားသည်။အန်ယိမ်းနဲ့ခက်မုန်းမှာလူမှုရေးအရDoctorအားခေါင်းငြိမ့်ပြလိုက်သော်လိုက်တော့မပို့ဖြစ်၊ကိုယ့်အပူနဲ့ကိုယ်မို့

"သားက ဘာကိုအလိုမကျတာလဲမသိဘူး"

"မစဥ်းစားတတ်တော့ဘူး
သားကိုအဝတ်အစားလဲပေးလိုက်အုံးမယ်၊မနက်ထဲကငိုနေတာဆိုတော့ပင်ပန်းသွားပြီး"

အိပ်နေတဲ့ရစ်ရစ်ကိုကြည့်ကာအကုန်လုံးသက်ပြင်းတွေချကုန်တော့သည်။သူတို့လည်းဒီရစ်ရစ်တစ်ယောက်နဲ့အသက်တိုတော့မှာဘဲ

"ဦးခက်မုန်း သားကိုဒီအဝါရောင်အင်္ကျီကိုဘယ်တုန်းကဝတ်ပေးထားတာလည်း"

Villain is Your Husband (season-2)Where stories live. Discover now