17🖤

263 28 8
                                    

(unicode)

ဆေးရုံကားသံတွေနဲ့အတူလူတစ်ချို့ တစ်ယောက်တစ်ပေါက်
ပြောသံတွေနဲ့ လူအသွားလာနည်းတဲ့ လမ်းကြားတစ်နေရာမှာ
ဆူညံပွတ်လောရိုက်နေ၏။

ထိုနေရာနှင့် တော်တော်ဝေးသော လူသူမမြင်ရတဲ့
ထောင့်တစ်နေရာတွင်

မျက်နှာတစ်ခုလုံးသွေးများပေနေ၍ ကျုံ့ကျုံ့လေးထိုင်ကာ
နားနှစ်ဖက်ကိုလဲ လက်နှင့်ဖိအုပ်ထားတဲ့သူမ
မျက်လုံးများစုံမှိတ်ထားကာ လူလဲတုန်တုန်ရီရီ ဖြစ်နေလေ

"Lily အဆင်ပြေလား ဘာမှမဖြစ်ဘူးနော် ကိုယ္က
ပြန်ကာကွယ်တဲ့အနေနဲ့ ခုခံတာပဲရှိတယ် Lily အမှားမပါဘူးနော်"

တစ်ဖက်ကသူမဘာမှပြန်မပြော ခေါင်းသာရမ်းနေလျှက်

"Lily ငါ့ကိုကြည့်စမ်း မဆိုင်တာမတွေးနဲ့ ငါတို့အပြစ်မပါဘူး သူတို့ကအများနဲ့ ပြီးတော့သူတို့အရင်
ရန်လာစတယ် ငါတို့ကပြန်ခံရုံပဲ ငါ့ကိုကြည့်ပြီးအဖြေပေး
ငါ့ကိုကြည့်လို့"

တုန်တုန်ရီရီ ခေါင်းသာငုံ့စိုက်ထားသောသူမကို စိတ်မရှည်စွာ
လက်မောင်းနှစ်ဖက်အားကိုင်၍ နည်းနည်းလှုပ်ရမ်းလိုက်၏။

ထိုလှုပ်ရမ်းမှုနှင့်အတူ Lisaသည်
မော့ကြည့်လာသောမျက်နှာ သွေးများနှင့်အတူရောထွေးနေတဲ့
ဆာလောင်သောမျက်ဝန်းများသာမက ပုံမှန်အရောင်နှင့်မတူ
ကွဲပြားစွာအရောင်ပြောင်းနေသော မိုးပြာရောင်မျက်လုံး

Lisa ဘေးနားမှာ ငုပ်တုပ်ထိုင်နေသော chae
ရုတ်တရက် ထိုမြင်ကွင်းကြောင့် အေနာက္ကို ဖင်ထိုင်ရက် လဲကျသွားလေ၏။

အံ့သြမိသည်။မကြောက်မိပေ။
စကားသံတွေတိတ်ဆိတ်သွားကာကြောင်ကြည့်မိနေ၏။

Lisa ရဲ့ အပြာရောင်မျက်ဝန်းတွေဟာ
ဆာလောင်မှုကနေသိမ်ငယ်သောမျက်ဝန်းတွေဆီ
ကူးပြောင်းပြီး မိုးပြာရောင် မျက်လုံးများကလဲ တစ်ဖြေးဖြေးမှေးမှိန်ရင်း မူလအရောင်တိုင်းပြန်ဖြစ်ကာ မျက်ဝန်းထဲတွင် အကြည်ရောင်မျက်ရည်စများ

*chae ငါ့ကိုကြောက်သွားပြီ ငါဘယ်လိုလုပ်ရပါ့မလဲ
ငါ့ကိုယ်ငါလဲ ဘယ္လို ဖြစ်ကြောင်းရှင်းပြလိုက်ရင် ပိုပြီး
ကြောက်သွားမှာမို့လား ဒါမှမဟုတ် နားလည်ပေးနိုင်မလား
မဟုတ္တာ ဒီအခြေနေကြီးကို ဘယ္သူက နားလည်ပေးနိုင်မှာလဲ သေချာတာကတော့ chae
ငါ့ရင်ခွင်ထဲကထွက်ပြေးတော့မယ် ခက်ခက်ခဲခဲပြန်ဆုံခဲ့တဲ့
သူမနှင့် ဒီတစ်ခါဝေးရင် နောက်ဆုံးဖြစ်မယ်ထင်*

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: May 09, 2023 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

WOLFHikayelerin yaşadığı yer. Şimdi keşfedin