(unicode)
chae တစ်ယောက် ထိုင်မရထမရနဲ့
စိတ်တွေဂယောက်ဂယက်ဖြစ်နေ၏။
အိမ်ရှေ့ထွက်လိုက် ပြန်ဝင်လိုက် နာရီကြည့်လိုက်
တစ်ဖန် ဖုန်းcontactsထဲဝင်လိုက်
ထွက်လိုက် နှင့် တစ်ယောက်ထဲပျာယာခတ်နေလေ။အိမ်မှာဖြစ်သလိုဝတ်ပြီးနေတဲ့ chae တစ်ယောက်
ဒီနေ့တော့ အမဲရောင်အစက်ပျောက် ဂါဝန်လေးဝတ်ထား၏။
ရှည်လျားတဲ့ဆံနွယ်တွေကို တစ်ဖတ်တည်းစုချထား၏။
အမေဖြစ်သူတောင် ဘယ်သွားမလို့လဲမေးရတဲ့အထိ
တကယ်လဲအပြင်သွားဖို့ မျှော်တော်ယောင်လုပ်နေသူပါ
တစ်ဖတ်မိန်းကလေး ဖုန်းအဆက်ကိုစောင့်နေလေ၏။ငါဖုန်းဆက်လိုက်ရင်ကောင်းပါ့မလား
တော်ပါပြီ မဆက်တော့ပါဘူး သူတို့တွေ့လဲ
စကားပြောရုံလောက်ပဲပေါ့ သူငယ်ချင်းဆိုတော့
မရိုးမသားဆိုရင်တောင် ငါနဲ့မှမဆိုင်တာ
တော်ပြီ တော်ပြီ ကိုယ့်ဟာကိုပဲထိုင်နေတာကောင်းတယ်chaeတစ်ယောက်စိတ်ပျက်လက်ပျက်
ပြတင်းပေါက်နားက ထိုင်ခုံပေါ်ခဏလောက်
ငြိမ်ငြိမ်လေးထိုင်နေလိုက်၏။တစ်အောင့်လောက်အကြာ
မဖြစ်သေးဘူး ငါဒီလိုငြိမ်နေလိုက်ရင်
သူများလက်ထဲပါသွားတော့မှာ အပါတော့မခံနိုင်ဘူးဖုန်း contacts ထဲက Lily ဆိုတဲ့
နာမည်လေးကိုနိုပ်လိုက်၏။"Hello Lily ဘာလုပ်နေလဲ"
"ကော်ဖီဆိုင်မှာလေchaeလာချင်ရင်လာခဲ့လေ
Bo Young နဲ့လဲမိတ်ဆက်ပေးမယ်""တော်ပါပြီ လာရမှာပျင်းတယ် မလာတော့ပါဘူး"
"အင်း ဒါဆိုပြီးရော ဖုန်းချပြီနော်"
"နေအုံးလေ နေအုံး ဖုန်းချတော့မှလား"
"ဟုတ်တယ်လေ မလာတော့ဘူးဆို"
Lisa သည် chaeလာချင်မှန်းသိ၍ တမင်စနောက်လိုက်၏။"ငါလာချင်လွန်းလို့တော့မဟုတ်ဘူးနော် ကော်ဖီသောက်ချင်လို့ လာခဲ့မယ် စောင့်နေ"
"အင်း မြန်မြန်တော့လာခဲ့နော် မဟုတ်ရင်...."
"ဆက်ပြောလေ မဟုတ်ရင်ဘာလဲ ကြောင်တောင်တောင်
တွေလုပ်မနေနဲ့နော် အမြန်လာပြီ ခဏပဲစောင့်"
YOU ARE READING
WOLF
Short Storyတစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းလေးရဲ့မျက်နှာလေး မမှတ်မိနိုင်ဘူးဆိုရင်တောင် မင်းလေးရဲ့ကိုယ်သင်းရနံ့လေးကိုတော့ ငါအမြဲထာဝရ မှတ်မိနေမှာပါ chaeရယ်.... တစ်နေ့နေ့ တစ်ချိန်ချိန် မွာ မင်းလေးရဲ့မျက်နှာလေး မမှတ်မိနိုင်ဘူးဆိုရင်တောင် မင်းလေးရဲ့ကိုယ်သင်းရနံ့လေး...